
အတွေးခေါ်ဆောင်းပါးများ ပေါင်းချုပ် (၂)
စာရေးသူ - ရွှေဥဒေါင်း
အကျဉ်းချုပ်
ဆရာကြီးရွှေဥဒေါင်း၏ ဆောင်းပါးများကို တစ်စုတစ်ဝေးတည်း စုစည်းလုပ်ဆောင်သည့် ဤအတွေးအခေါ်ဆောင်းပါးများ ပေါင်းချုပ် အမှတ်(၂)တွင် စာပေလေ့လာရေးသားမှု၊ မိမိကိုယ်မိမိ ဝေဖန်သုံးသပ်သည့်စာများ၊ မြန်မာ့ရေးရာ၊ ကမ္ဘာ့ရေးရာ ဆွေးနွေးသုံးသပ်ခြင်းစာများ၊ ဘာသာရေးဆိုင်ရာ ရှုထောင့်နှင့် ကိုးကွယ်ယုံကြည်မှု အကြောင်း စသည့် ဆောင်းပါး ၁၂၄ ပုဒ်ကို စုစည်းထားပါသည်။ဆရာကြီးရွှေဥဒေါင်း၏ ဆောင်းပါးများကို တစ်စုတစ်ဝေးတည်း ဆက်လက် စုစည်း လုပ်ဆောင်ခြင်းဖြစ်ပါသည်။ အတွေ့အကြုံ၊ အတွေးအခေါ်နှင့် စာပေခရီးဖြတ်သန်းမှုဆောင်းပါးများကို အမှတ်(၁)အဖြစ် စုစည်းခဲ့ပြီးဖြစ် ပါသည်။ ယခု စာပေလေ့လာမှု၊ ရေးသားမှုနှင့်ပတ်သက်သော ဆောင်းပါး ၈ ပုဒ်နှင့် မိမိကိုယ်မိမိ ဝေဖန်သုံးသပ်သည့်စာများ၊ မြန်မာ့ရေးရာ၊ ကမ္ဘာ့ ရေးရာ ဆွေးနွေးသုံးသပ်ခြင်းစာများကို အမှတ် (၂) အဖြစ် ဆက်လက် စုစည်းပါသည်။ ဘာသာရေးဆိုင်ရာ ရှုထောင့်နှင့် ကိုးကွယ်ယုံကြည်မှု အကြောင်း စာတိုလည်း ယခုစာအုပ်တွင် စတင်ပါဝင်လာပြီဖြစ်ပါသည်။ လောကုတ္တရာရေး ဆောင်းပါးများနှင့် ဆွေးနွေးခန်းများမှာ အမှတ် (၃) တွင် ဆက်လက်ပါဝင်လာပါမည်။ ယခု စုစည်းမှုတွင် ဆရာကြီး၏ ခေါင်း ကြီးပိုင်း အရေးအသားအချို တွေ့ရှိသည်ကိုလည်း ထည့်သွင်းဖော်ပြထား ပါသည်။ လိုအပ်သည်များ၊ ချိုယွင်းချက်များအတွက် ထောက်ပြတည့်မတ် ဖြည့်ဆည်းပေးပါရန်လည်း မေတ္တာရပ်ခံပါသည်။
စာမျက်နှာ
452
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
26.7 × 19.7 cm
ISBN
978-9-997-13192-8
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အမျိုးအစားခွဲများ
ဒဿန