
လူငယ်များအတွက် ပုံပြဒီမိုကရေစီ
စာရေးသူ - ပဉ္စဂံစာတည်းအဖွဲ့
အကျဉ်းချုပ်
ဆိုးဝါးစုတ်ပဲ့လှသော အာဏာရှင်စနစ်ဆိုး၏ လက်အောက်မှ ဒီမိုကရေစီစနစ်ဟူသော အရာကို ကျွန်ုပ်တို့ တိုင်းပြည်သည် ပွေ့ဖက်၍ အနာဂတ် နိုင်ငံတော်ကို တ်ကို တည်ဆောက်ရန် ဟန်ပြင်နေ ပေပြီ။ မူသစ်ဝါဒနှင့်အတူ တိုင်းပြည်ထူထောင်ဖို့ရ ဖို့ရန် အသင်းအပင်း အဖွဲ့အစည်းများ၊ ယခုခေတ်သုံး အရပ်ဘက် အဖွဲ့အစည်းများ မြောက်မြားစွာ ထူထောင်နေကြလေပြီ။ များမကြာမီအ ကြာမီအချိန်အတွင်း နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲများ၊ စည်ပင်ဌာနရွေးကောက် စသဖြင့် ရွေးကောက်ပွဲများကျင်းပသည်ကို နိုင်ငံအနှံ့အပြား း မြင်တွေ့ ရပေတော့မည်။
ဒီမိုကရေစီစနစ်၏ အလေ့အထများနှင့်အတူ တူ ရွေးကောက် ပွဲများ ကျင်းပမည်ဖြစ်သော်လည်း ပြည်သူများ၏ အသိဝ အသိတရားကို ပြုပြင်ပြောင်းလဲဖို့ရန်မှာ အတော်ပင် ခက်ခဲနိုင်ပေသည်။
်ဦးဆံပိုင် ကျွန်ုပ်တို့ တိုင်းပြည်တွင် ကြုံခဲ့ရသော သက်ဦးဆ ပဒေသရာဇ်စနစ်၊ ကိုလိုနီစနစ်၊ လက်နက်ကိုင်အာဏာရှင်စန များဖြင့် နှစ်ပေါင်းများစွာ နေခဲ့ရသောကြောင့် ပြည်သူပြည်သားများ သည် အကြောက်တရားမှ ရုန်းထွက်ဖို့ရန် အတော်ပင် ကြိုးစား ရပေဦးမည်။ ထိုအကြောက်တရားနှင့် နေခဲ့ရသောကြောင့်တစ်ယောက် ချင်း၏ သိမ်ငယ်မှုများ၊ မကျေနပ်မှုများမှတစ်ဆင့် လက်တုံ့ပြန်လိုမှု များကြောင့် လိုဒ လိုအပ်သော ပန်းတိုင်ကို ရောက်ဖို့ရန် အထစ်အငေါ့ များ ဖြစ်သွားနိုင်ပေသည်။ထို့ကြောင့် ဒီမိုကရေစီပန်းတိုင်ကို ရောက်ရှိဖို့ရန်၊ ထစ်ထစ် ငေါ့ငေါ့ မဖြစ်စေရန် ဒီမိုကရေစီ၏ အခြေခံသဘောကို မသိသေး သောသူများ သိရအောင်၊ သိပြီးသူများ မမေ့ရအောင် ပညာရှိ သတိဖြစ်ခဲ ဆိုသည့်အတိုင်း အသိတရားရအောင် အချိန်အခါ အခွင့်ကိုလိုက်၍ ဤစာအုပ်ကို ကျွန်ုပ်တို့ စာတည်းအဖွဲ့ဝင်များက စေတနာရှေ့ထားပြီး စွမ်းအားရှိသလောက် စီစဉ် ထုတ်ဝေလိုက်ပါ သည်။ ပိုမိုရှင်းလင်း လွယ်ကူအောင်၊ မှတ်မိလွယ်အောင် ရုပ်ပုံ ကာတွန်းများနှင့် မွမ်းမံ၍ ပြင်ဆင်ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။
ဒီမိုကရေစီသဘောကို ငယ်ရွယ်နုပျိုသော ကျောင်းသူ ကျောင်းသား၊ အရပ်သူ အရပ်သား၊ အသင်းသူ အသင်းသားများ ဖတ်ရှုမိလျှင် တစ်စုံတစ်ရာ အကျိုးရှိတန်သလောက် ရှိလိမ့်မည်ဟု ယုံကြည် မျှော်လင့်မိပါသည်။ အခြေခံ ကျောင်းသားကျောင်းသူ များ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ နိုင်ငံရေးခေါင်းဆောင် များ၊ နိုင်ငံ့ခေါင်းဆောင် ဖြစ်လိုသူများ ဖတ်မိလျှင်ပင် အကျိုး များစွာ ဖြစ်ထွန်းနိုင်သည်ဟု ထင်မြင်ယူဆမိပါသည်။