
မြန်မာပြည် မြောက်ပိုင်း (ပထမတွဲ + ဒုတိယတွဲ +တတိယတွဲ)
စာရေးသူ - နတ်နွယ်
အကျဉ်းချုပ်
“မြန်မာပြည်မြောက်ပိုင်း”သည် ဝတ္ထုဖြစ်သည်။ သမိုင်းမဟုတ်။ အတ္ထုပ္ပတ္တိ မဟုတ်။
ဝတ္ထုဆိုသည်မှာ စာရေးဆရာ၏ ဖန်တီးမှုပင်ဖြစ်သည်။ မြန်မာနိုင်ငံ အထက် ပိုင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုအဆောက်အအုံ ဖြစ်ပေါ်ပြောင်းလဲမှုကို ဇာတ် ဆောင်များ၏ လှုပ်ရှားရုန်းကန်မှုဖြင့် ဖန်တီးဖော်ပြထားခြင်းပင် ဖြစ်သည်။
လူမှုအဆောက်အအုံတစ်ခုကို ဖြစ်ပေါ်ပြောင်းလဲစေသော အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ၊ နေထိုင်စားသောက်ပုံများ၊ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများ၊ ကိုးကွယ်သည့် ဘာသာနှင့် အယူဝါဒများ၊ ဖိနှိပ်ချုပ်ချယ်မှုနှင့် ဆန့်ကျင်တိုက်ခိုက်မှုများ၊ ယင်း၏ အမြင့်ဆုံးအဆင့်ဖြစ်သော လက်နက်ကိုင်တိုက်ပွဲများကို ဝတ္ထုသဘောဖြင့် ပြဆိုခြင်းသည် ဇာတ်ဆောင်များကို လှုပ်ရှားရုန်းကန်စေခြင်းသာ ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး၊ စစ်ရေး စသည်တိုကို ကျမ်းပြုပုဂ္ဂိုလ်က ဒိုင်ခံပြောဆိုသည့်အနေမျိုးဖြင့် မဖော်ပြဘဲ ကာယကံရှင် များဖြစ်သော ပြည်သူလူထုက ကိုယ်တိုင်ကိုယ်ကျ တင်ပြပြောဆိုသည့်အနေမျိုးဖြစ် အောင် စာရေးဆရာက ဖန်တီးရခြင်း ဖြစ်ပါသည်။
စာမျက်နှာ
670
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
22.2 × 14.5 cm
ISBN
9789997132567
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အမျိုးအစားခွဲများ
ဝတ္ထု, မြန်မာပြည်မြောက်ပိုင်းဒေသ, ပင်ကိုရေးဝတ္ထု