
နတ်သမီးညီအစ်မခုနှစ်ဖော်
စာရေးသူ - ကျော်ရင်မြင့်
အကျဉ်းချုပ်
ပုံပြင်တွေက ကလေးသူငယ်နဲ့ လူငယ်တို့အတွက် လိုအပ်ပါတယ်။
ဒါကြောင့် မိဘအချို့က သားသမီးငယ်တွေကို ပုံပြင်ဖတ်ပြကြတယ်၊ ပုံပြင်စာအုပ်တွေဝယ်ပေးပြီး ဖတ်ရှုစေကြတာ ဖြစ်ပါတယ်။
ပုံပြင်တွေထဲမှာ ကလေးသူငယ်၊ လူငယ်တွေအတွက် စိတ်ဝင်စားစရာတွေ အပြည့်ပါတယ်။ စိတ်ကူးယဉ်တာတွေ၊ ဆန်းကြယ်တာတွေ၊ မှော်ဆန်တာတွေလည်း ပါတယ်။ ပုံပြင်နဲ့ ကျွမ်းဝင်ရင်းနှီးသူ တွေက စိတ်ကူးဉာဏ်အား မြင့်မားတယ်။ တီထွင်ဉာဏ် ဖွံ့ဖြိုးတယ်။ ဆန်းသစ်တီထွင်တဲ့ ပညာရှင်တွေ ဟာ ငယ်စဉ်က အိပ်ရာဝင်ပုံပြင်တွေနဲ့ ကြီးပြင်းခဲ့ရတာလို့ သုတေသနတွေက ဖော်ပြပါတယ်။
ပုံပြင်တွေထဲမှာ စိတ်ထားဖြူစင်ဖို့၊ အမှန်တရားကို လက်ကိုင်ထားဖို့၊ တရားမျှတဖို့ အကျင့်စာရိတ္တ ကောင်းဖို့၊ အားနည်းသူကို ဖေးကူဖို့ စတဲ့ လူကောင်းတွေရဲ့ အမူအကျင့်တွေကို ဖော်ပြထားတယ်။လူကောင်းလူဆိုး ခွဲခြားပုံလည်း ပါဝင်တယ်။ ငယ်စဉ်ကတည်းက ပုံပြင်တွေနဲ့ ရင်းနှီးကျွမ်းဝင် ကြီးပြင်းခွင့် ရသူတွေဟာ လိမ္မာရည်မွန်ပြီး ထူးချွန်ထက်မြက်သူတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်လည်း ပုံပြင်ဟာ ကလေးသူငယ်နဲ့ လူငယ်တို့အတွက် လိုအပ်နေတာ ဖြစ်ပါတယ်။ ယခုစာအုပ်မှာ အင်ဒိုနီးရှားက ကျေးလက်ပုံပြင်တွေ၊ ထူးဆန်းအံ့ဖွယ်ပုံပြင်တွေကို စုစည်းပြီး မြန်မာဘာသာ ပြန်ဆိုရေးသားထားပါတယ်။ အင်ဒိုနီးရှားနဲ့ မြန်မာက အာရှတိုက်အတွင်းရှိ နိုင်ငံတွေ ဖြစ်ကြတယ်။ ရှေးအစဉ်အဆက်ကတည်းက ကူးသန်းသွားလာမှု အဆက်အသွယ်ရှိတယ်။ ယဉ်ကျေးမှုချင်း ဖလှယ်တာလည်းရှိတယ်။ ဒါကြောင့် အချို့ပုံပြင်တွေက မြန်မာပုံပြင်တွေနဲ့ ဆင်တူတာလည်း ပါတယ်။
ပုံပြင်တွေကို တည်းဖြတ်ပေးတဲ့ မဆုနေရည်လင်းနဲ့ မဖြိုးသီရိဝေတို့ကို ကျေးဇူးတင်ကြောင်း လည်း ဖော်ပြလိုပါတယ်။
လိမ္မာရည်မွန်ပြီး ထူးချွန်ထက်မြက်သူတွေ ဖြစ်ကြပါစေ။
ကျော်ရင်မြင့်
စာမျက်နှာ
151
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2022