
ကုလသမဂ္ဂစင်မြင့်ပေါ်မှ ဗုဒ္ဓတရားနှင့် အခြားစာစုများ (၂)
စာရေးသူ - ကိုရင်ဩ
အကျဉ်းချုပ်
ဗုဒ္ဓဘာသာဝင် ကျွန်တော်တိုလူမျိုးများ မြတ်မြတ်နိုးနိုး လေးလေးစားစား ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုသုံးစွဲနေကြသည့် “သဗ္ဗညူ” ဟူသော ဝေါဟာရသည် လည်းကောင်း၊ ဉာဏ်ပညာကို ကိုယ်စားပြုထားပါ၏။ ဉာဏ်ပညာ၏ နောက်ဆုံးအဆင့်၊ ပြီးပြည့်ဝသည့်အဆင့်ဖြစ်သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်အထိ ကိုယ်စားပြုထားခြင်း ဖြစ်ပါ၏။ ကျွန်တော်တိုအားလုံးသည် ဉာဏ်ပညာကို အလေးထားကြပါ၏။ လေးစားကြ ပါ၏။ မြတ်နိုးကြပါ၏။
အာဝေဏိက ဂုဏ်တော်ထဲမှပါသည့် ဉာဏပုဗ္ဗင်္ဂမ၊ ဉာဏာနုပရိဝတ္တ ဂုဏ် တော်သည် ကျွန်တော်တို ဗုဒ္ဓဘာသာဝင်များ ကြည်ညိုမဆုံးသော ဂုဏ်တော်များ ဖြစ် ကြပါ၏။ ကာယကံ၊ ဝစီကံ၊ မနောကံ အားလုံး ဉာဏပုဗ္ဗင်္ဂမ - ဉာဏ်တော်သာလျှင် ရှေ့သွားရှိတော်မူသည့် မြတ်စွာဘုရား။ ဉာဏာနုပရိဝတ္တ - ဉာဏ်တော်နောက်သို အစဉ် လိုက်တော်မူသော၊ ဉာဏ်တော်သာလျှင် ဦးဆောင်တော်မူသော မြတ်စွာဘုရား။
အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်၊ ကာယကံ၊ ဝစီကံ၊ မနောကံ အားလုံး ဉာဏ်တော် သာလျှင် ရှေ့သွားရှိတော်မူသော၊ ဉာဏ်တော်နောက်သိုသာ အစဉ်လိုက်တော်မူသော မြတ်စွာဘုရားအား ဘယ၊ လာဘ၊ ကုလကြဉ်ဝေး သံသာဘေးမှ လွတ်ရေးရည်မျှော် ကျေးဇူးတော်ကို ချီငေါ်မြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။
ထိုဉာဏ်တော်မြတ်အရှင် သုဗ္ဗညူဗုဒ္ဓ - ဗုဒ္ဓရတနာအားလည်းကောင်း၊ ဗုဒ္ဓ၏ ဘနာအားလည်း ဒေသနာများဖြစ်သော ဓမ္မရတနာအားလည်းကောင်း၊ ဗုဒ္ဓ တ တပည့်သာဝကများဖြစ်ကြ သော သံဃာရတနာအားလည်းကောင်း၊ ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ဘုရား။
ဤသို ရတနာသုံးပါးကို ကြည်ညိုမြတ်နိုးသောအားဖြင့် ပညာပါရမီ၏ အခြေခံကောင်းများ တစ်စွန်းတစ်စ ရနိုင်ကြပါစေခြင်းအကျိုးငှာ ဤစာစုကို ရွေးချယ် စုစည်း၊ ပူဇော်ထားခြင်း ဖြစ်ပါသည်။
ကိုရင်ဩ
စာမျက်နှာ
208
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2014
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား