
သမိုင်းပုံပြင် (၂)
စာရေးသူ - ကြည်နိုင်
အကျဉ်းချုပ်
သမိုင်းပုံပြင်တွေဟာ စိတ်ဝင်စားဖိုလည်း ကောင်း၊ စိတ်လှုပ်ရှားစရာလည်း ကောင်းလှတယ်။ နောက် မှတ်သားစရာတွေလည်း ပါတယ်။ လယ်သမားကလေးဘဝကနေ စာပေဖတ်ရှု အသိအမြင် များတာနဲ့ ဘုရင်ရဲ့ ပညာရှိအမတ်ကြီးဖြစ်သွားတဲ့ ဝန်ဇင်းဘိုးရာဇာ အကြောင်းကလည်း အလွန် စိတ်ဝင် စားဖို ကောင်းတယ်။ တိုင်းရေးပြည်ရာ အခက်အခဲတွေကို ဥပမာတွေနဲ့ ဘုရင်ကို နားဝင်အောင် လျှောက်ထားပြီး အကြံဉာဏ်တွေ ပေးတယ်။ ဘုရင်က ဘိုးရာဇာရဲ့ အကြံပေးချက်အတိုင်း လုပ်ဆောင် အောင်မြင်ခဲ့တဲ့ အရေးအရာတွေ၊ အကျိုးထူးခံစားရတာတွေ ရှိခဲ့တယ်။ အဲဒီလိုပဲ ရာဇသင်္ကြံ၊ မဟာ
ပညာကျော်၊ အမတ်ဒိန် စတဲ့ ပညာရှိတွေရဲ့မှတ်သားဖွယ် ဆုံးမစကားတွေဟာလည်း တန်ဖိုးရှိလှတယ်။ ဦးဦးငယ်စဉ်က အဖွားရင်ခွင်မှာ စိတ်လှုပ်ရှားစရာ သမိုင်းပုံပြင်တွေ နားထောင်ရင်း ကြ ကြည်နူး ပျော်ရွှင်ရသလို ခံစားစေချင်တဲ့ စေတနာနဲ့ ဒီသမိုင်းပုံပြင်တွေကို ကလေးတို ဖတ်ရှုခံစားနိုင်စေဖို တင်ဆက် လိုက်ပါတယ်။
ကလေးတို ပျော်ရွှင်ပါစေကွယ် …
ဦးဦးကြည်နိုင်
စာမျက်နှာ
122
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
21 × 16.6 cm
ISBN
920-2-375-24741-2
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အမျိုးအစားခွဲများ
ပုံပြင်များ, ကလေးများအတွက်