
ဗုဒ္ဓနှင့်ကော်ဖီသောက်ခြင်း Coffee With The Buddha
စာရေးသူ - မင်းသန့်ဟန်
အကျဉ်းချုပ်
ဗုဒ္ဓကို နားလည်ဖို့ ဗုဒ္ဓရဲ့သွန်သင်ချက်တွေကိုသိဖို့ ဆိုရင်တော့ အခု ကော်ဖီတစ်ခွက်ဟာ ချည်လုံးထဲက ချည်တွေကို အစလေး ထုတ်ပေးထားရုံပဲ ရှိတာပါ။
အိန္ဒိယမှာ ရှေးဗေဒကျမ်းတွေကို လက်ခံတဲ့ဂိုဏ်း (Orthodox) နဲ့ ရှေးဗေဒကျမ်းတွေကို လက်မခံတဲ့ဂိုဏ်း (Non Orthodox) ဆိုပြီး အဓိက ဂိုဏ်းနှစ်ဂိုဏ်း ကွဲပြားနေခဲ့ပါတယ်။ Non Orthodox မှာ ဗုဒ္ဓနဲ့အတူ 2: (The Carvaka School) :: (The Jaina School) တွေ ပါဝင်ပါတယ်။ ဆိုလိုတာက ဗုဒ္ဓကို ပိုနားလည်ဖို့၊ ဗုဒ္ဓရဲ့ သွန်သင်ချက်တွေကို ပိုနားလည်ဖို့ဆိုရင် ဒါတွေကလည်း လေ့လာသင့်တဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။
နောက်ဆုံးပြောချင်တာက ဒီကော်ဖီဟာ ရှေ့က ကော်ဖီနှစ်ခွက် လိုပဲ ဘယ်သူမဆို သောက်လို့ရတဲ့ ကော်ဖီတစ်ခွက်ပါ။ ဘယ်သူ့အတွက်ပဲ ဆိုပြီး ကန့်ထားတာ မရှိပါဘူး။ ပြီးတော့ ကော်ဖီစီးရီးရဲ့ ကော်ဖီသုံးခွက် လုံးကို မြင်ကွင်းကျယ်ရုပ်ရှင်လို ဆက်စပ်ကြည့်စေချင်ပါတယ်။ အကြောင်း ကတော့ မြင်ကွင်းအသစ်တစ်ခုကို မြင်စေချင်လို့ပါ။
စာမျက်နှာ
108
ပုံစံ
Paperback
ထုတ်ဝေသူ
သားငယ်စာပေ
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
12.9 × 20.6 cm
ISBN
978-9-997-14685-4
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အမျိုးအစားခွဲများ
ဘာသာရေး
မာတိကာ
- ဗုဒ္ဓရဲ့ဘဝကောက်ကြောင်း
- ဒုက္ခတရား
- မမြဲခြင်းသဘော
- အနတ္တလား၊ အတ္တလား
- ပြန်လည်မွေးဖွားခြင်း
- ကံ ကံရဲ့အကျိုး
- ဆန္ဒရမ္မက်
- ကိုယ်ကျင့်တရား
- သတိတရား
- ကရုဏာ
- အချစ်
- ရုပ်ခန္ဓာ
- ဗုဒ္ဓလောင်းလျာတို့ရဲ့လမ်း
- အပြန်အလှန် မှီခိုခြင်း