
မျှဝေလိုသောအတွေးများ (၂)
စာရေးသူ - ဗန်းမော်သိန်းဖေ
အကျဉ်းချုပ်
ကျွန်တော့်ရဲ့ “မျှဝေလိုသော အတွေးများ” ပထမစာအုပ်ကို မနှစ်က အောက်တိုဘာလမှာ ထုတ်ဝေခဲ့တာမို့ အခုဆိုရင် တစ်နှစ်ပြည့်ပါ တော့မယ်။ ပထမစာအုပ်ကို စာဖတ်ပရိသတ်ရဲ့ အားပေးမှုကြောင့် အခု “မျှဝေလိုသော အတွေးများ (၂)” ကို ဆက်လက်ထုတ်ဝေလိုက်ပါတယ်။ ပထမစာအုပ်လိုပါပဲ။ ဒီစာအုပ်မှာလည်း လွန်ခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်းမှာ ကျွန်တော့်ရဲ့ "Bamaw Thein Pe" ဖေ့စ်ဘုတ်နဲ့ “ဗန်းမော်သိန်းဖေရဲ့ မျှဝေလိုသောအတွေးများ” Page တွေပေါ်မှာ တင်ခဲ့ တဲ့ ကောင်းနိုးရာရာ စာလေးတွေကို ရွေးချယ်ပုံနှိပ်ထားတာပါ။
ဒီစာအုပ်မှာပါတဲ့ အကြောင်းအရာတွေဟာ အင်တာနက်ပေါ်မှာ ရှာတွေ့တာ၊ စာအုပ်တွေထဲက ဖတ်မိတာလေးတွေနဲ့ ကိုယ်ပိုင်အယူအဆ လေးတွေကို ရေးပြထားတာပါ။ အမှန်က ကိုယ်ပိုင်အယူအဆလို့ပြောရင် အပြည့်အဝ မှန်မယ်လို့ မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အခု ခေါင်းထဲ ပေါ်လာတဲ့ အတွေးတွေဟာ တစ်သက်လုံး မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေဆီက ကြားခဲ့တာတွေ၊ ဆရာတွေရဲ့ သင်ကြားပေးခဲ့ တာတွေနဲ့ ဖက်ရှုခဲ့တဲ့ စာအုပ်တွေထဲက စာလေးတွေကနေ ရော စပ်ယှက်ပြီး ဖြစ်ပေါ်လာတဲ့ အတွေးလေးတွေပါ။ ကိုယ်ပိုင်လို့ပဲ ပြောပြော၊ စာအုပ်နဲ့ အင်တာနက်ကပဲ ယူယူ၊ ဒီအတွေးလေးတွေက ကျွန်တော့်ဘဝကို တိုးတက်ပြောင်းလဲလာစေခဲ့ပါတယ်။ ထိုနည်းတူ လူငယ်တွေကိုလည်း တိုးတက်ပြောင်းလဲစေချင်လို့ ဒီအတွေးလေးတွေကို ဒီစာအုပ်မှာ မျှဝေပေး လိုက်ပါတယ်။
စာမျက်နှာ
290
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2017
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
14 × 21 cm
ISBN
920-2-375-24242-4
ပစ္စည်းလက်ကျန်
ရရှိနိုင် (50)
အမျိုးအစား
အမျိုးအစားခွဲများ
ဗန်းမော်သိန်းဖေ
မာတိကာ
- ခံစားမှုရသ
- စဉ်းစရာအတွေး
- စိတ်ဓာတ်မြှင့်တင်ရေး
- ကြီးပွားအောင်မြင်ရေး
- စီးပွားရေးပညာ
- စာအုပ်ဖတ်ခြင်း
- ရယ်မောစရာလေးများ