
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ (စတုတ္ထတွဲ)
စာရေးသူ - ရွှေဥဒေါင်း
အကျဉ်းချုပ်
ဒီစာအုပ်ဟာ ဆရာကြီးရေးသမျှ စာအုပ်တွေထဲမှာ အရှည်ဆုံးပါ။ ဒီလောက်ရေးဖို ဘယ်တုန်းကမှ မစဉ်းစားဘူး။ ရေးမိတော့လည်း ပေးဦးတစ်ရွက်၊ ပေးဦးတစ်ရွက်ပဲ။ စာအုပ်လေးတွဲ ဖြစ်သွားရော။ ဒီစာအုပ်မှာ ကိုယ်အညံ့ခံရေးတာတွေကို နားလည်တဲ့လူတွေက လက်ခံကြပါတယ်။
ဘော့စ်ဝဲလ်ရဲ့စာအုပ် ကောင်းတာက တစ်မျိုးပေါ့။ ဆရာကြီးရဲ့စာအုပ်ကတော့ အတွေးအခေါ်များတယ်။ ဒါပေမဲ့ ဆရာကြီးရဲ့စာအုပ်က အတွေးအခေါ် ကောင်းလိုလို မပြောချင်ဘူး။ ဆရာကြီးစာအုပ်ရဲ့ အရေးအသားနဲ့ပတ်သက်လို ရေးကြတာက ဆရာကြီးကိုယ်တိုင် ရေးတာထက် ပိုကောင်းနေ တယ်။ သူတိုရေးကြတာ ဖတ်ပြီးငါ ဒီလောက် ရေးတတ်ရဲ့လားလိုတောင် အောက်မေ့မိတယ်။ ဒီစာအုပ်တွေထဲက သဘောကျတာတစ်ခု ရှိတယ်။ အဲဒါကကိုယ်ငယ်စဉ်က အဖြစ်အပျက်ကလေးတွေကို ကိုယ်တိုင် ပြန်ပြီး သရုပ်ဖော်ရတဲ့အချက်ပဲ။ အဲဒါ အရသာရှိတယ်။ ဒါကြောင့် ဖတ်တဲ့လူကလည်း လိုက်ပြီး အရသာရှိတာဖြစ်လိမ့်မယ်။ ဆရာကြီး ငယ်ငယ်က အကြောင်းတွေကို ပြန်လွမ်းပြီး
ရေးတာကိုး။ ရေးရတဲ့လူအဖို ဒါ အရသာပဲ။ ရေးတဲ့လူ အရသာရှိလို ဖတ်တဲ့လူ အရသာရှိတာ ပေါ့။ ငယ်ငယ်တုန်းကတော့ ကိုယ်ကလည်း ပျော်နေတာကိုး။ ရေးရတာလည်း ပျော်တာပေါ့။
စာမျက်နှာ
1566
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
19 × 13 cm
ISBN
978-9-997-13781-4
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အမျိုးအစားခွဲများ
ဒဿန