
မျှဝေလိုသောအတွေးများ (၈)
စာရေးသူ - ဗန်းမော်သိန်းဖေ
အကျဉ်းချုပ်
The Original Chicken Soup for the Soul Plus 30 Bonus Stories စာအုပ်ထဲက အကြိုက်ဆုံး စာပိုဒ်လေးတွေကို ရွေးချယ်ပြီး ဘာသာပြန်ထားတာပါ။ ဒီလိုစာအုပ်မျိုးဟာ ဝတ္ထုစာအုပ်ဖတ် သလို တစ်ထိုင်တည်း ပြီးအောင် သိုမဟုတ် အများကြီး ဖတ်ရတာမျိုး မဟုတ်ပါဘူး။
တစ်ပုဒ်ချင်းကို ဖြည်းဖြည်းဖတ်ရပါမယ်။ စိတ်ထဲကရော နှလုံးသား ထဲကပါ ဖတ်ရပါမယ်။ တစိမ့်စိမ့် အရသာခံ ဖတ်ရပါမယ်။ ဘယ်အကြောင်း အရာက သင့်စိတ်ကို နှိးဆွသလဲဆိုတာ မေးပါ။ သင့်ဘဝအတွက် ဘာအကြံ ပေးသလဲ။ သင့်ကို ဘာခံစားချက် ဖြစ်ပေါ်စေသလဲ။ ဘယ်လိုလုပ်ဆောင်မှု လုပ်ဖို တွန်းအားပေးသလဲ။ ပုံပြင်တိုင်းဟာ သင့်အတွက် သင်ခန်းစာရစေ သလို သင့်ရဲ့ မိတ်ဆွေမွန်လည်း ဖြစ်ပါတယ်။
တချိုပုံပြင်တွေဟာ သင့်ကို စိတ်လှုပ်ရှားစေတယ်။ တချိုက လေး နက်တဲ့ အဓိပ္ပာယ်ဆောင်တယ်။ တချိုက သင့်ကို ငိုစေတယ်။ တချိုက သင့်ကို ရယ်စေတယ်။ တချိုက သင့်ကို နွေးထွေးတဲ့ခံစားမှု ရစေတယ်။ သင့်ကို အံ့အားသင့်စေတာလည်း ရှိတယ်။ အဲဒါတွေကို သင် ဘယ်လိုတုံပြန် မလဲဆိုတဲ့ တိကျတဲ့ အဖြေမရှိဘူး။ အဖြေက သင့်အပေါ်မှာပဲ မူတည်ပါ တယ်။
စာအုပ်ထဲက ပုံပြင်တစ်ပုဒ်ကို သဘောကျလို တခြားသူတွေကို မျှဝေပေးချင်ရင် လုပ်ပါ။ ပုံပြင်တစ်ပုဒ်က သင့်ကို တခြားသူတစ်ယောက်ကိုသတိရစေရင် သူ့ကိုဖုန်းဆက်ပြီး ပြောပြလိုက်ပါ။ သင့်လို သူ့ကိုလည်း ခံစားစေရအောင်ပါ။ သင့်ကလေးတွေကို ညအိပ်ရာဝင် ပုံပြင်တွေအနေနဲ့ လည်း သုံးလိုရပါတယ်။ ခေတ်သစ်ပုံပြင်တွေအဖြစ်ပါ။
ကျွန်တော်ကတော့ ဒီစာအုပ်ထဲက ပုံပြင်တိုင်းကို နှစ်သက်ပါတယ်။ မိတ်ဆွေတိုလည်း နှစ်သက်ကြမယ်လို မျှော်လင့်ပါတယ်။
ဗန်းမော်သိန်းဖေ ၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၃ဝ ရက်
စာမျက်နှာ
188
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
12 × 21 cm
ISBN
မာတိကာ
- ချစ်ခြင်းမေတ္တာ
- သင့်ကိုယ်သင်ချစ်ပါ
- ကလေးတွေကို ပြုစုပျိုးထောင်ခြင်း
- ကလေးတွေကိုသင်ပြပေးခြင်း
- လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိတယ်
- အခက်အခဲတွေကို ကျော်လွှားခြင်း
- တွေးတောဆင်ခြင်စရာလေးများ