
တန်ဘိုးသင့်ညစာနှင့် အခြားစာစုများ
စာရေးသူ - နန္ဒဝင်း (ဆေး ၁)
အကျဉ်းချုပ်
ဒေါက်တာနန္ဒဝင်း (ဆေး-၁)၏ စေတနာပါလှသော ဆောင်းပါးမျိုးစုံ ကို သတင်းစာ၊ ဂျာနယ်များတွင် ဖတ်ခဲ့ရသည်။ သူ့စိတ်ကူးတစ်ခုဖြစ်သော ကျန်းမာရေးအထောက်အကူပြု အာဟာရပြည့်ဝစေမည့် အစားအစာ စားသုံး ခြင်းဖြင့် လူမှုဘဝ ဖွံ့ ဖြိုးပြီး မိသားစုဘဝ လှပစေလိုသော လုပ်ရပ်ဖြစ်သည့် “တန်ဖိုးသင့်ညစာ”၏ ဂယက်သည် တိုင်းပြည်တွင်း တမဟုတ်ခြင်း ပျံ့နှံ့ခဲ့သည်။ ရလဒ် ဘယ်လောက်ထိဖြစ်နိုင်သည်ကို ပြန်၍ သုတေသနလုပ်နေသည်ဟု ကြားသိရသည်။ ပရဟိတစိတ်ထားဖြင့် ညီညွတ်လှတဲ့အင်အားကို အသုံးချပြီး ပြည်သူပြည်သားများအတွက် လိုတဲ့နေရာ ဝင်ဖြည့်ပေးခြင်းတည်းဟူသော အရာသည် တိုင်းပြည်အတွက် သတိပေး တပ်လှန့်သည့် ခေါင်းလောင်းသံ ဖြစ်သည်ဟု ယူဆမိသည်။
အနာဂတ်ခရီးကို တူညီသောဆန္ဒများဖြင့် လျှောက်လှမ်းကြလျှင် ပန်းတိုင်သည် သိပ်မဝေးပေ။ နယ်ပယ်အသီးသီးတွင် ကျွမ်းရာလိမ္မာ ဆိုသည့် စကားအတိုင်း အသက်မွေးဝမ်းကြောင်းအလုပ်နှင့် ဆက်စပ်သည့် လုပ်ငန်းများ လုပ်ကိုင်ကြသည့်သူများသာ တစ်ချိန်ချိန်တွင် ပြန်လည်ဦးဆောင်ခွင့်ရမှာ သေချာသည်။ ခုလက်ရှိတော့ စိတ်စေတနာဖြင့် လိုသည့်နေရာ ဝင်ဖြည့်ကြသော သူများ၏ လုပ်ရပ်သည်လည်း အဟောသိကံတော့ မဖြစ်နိုင်။
ပြည်သူလူထုနှင့် အနီးကပ်ဆုံး ဆက်ဆံနေရသော ဆရာဝန်များ သည် ပြည်သူအများ၏ အခက်အခဲကို နားလည်ခံစားပြီး လူအများ၏အကျိုးကို ဖြည့်ဆည်းပေးလိုသောဆန္ဒ ဖြစ်လာကြပေသည်။ သူတို့စိတ်စေတနာအလှသည် ယခု ပြည်သူ့လွှတ်တော်တွင် ဆရာဝန်အမတ်အများစု ပါဝင်နေသည်မှာ သက်သေပင်ဖြစ်သည်။ ဆရာနန္ဒဝင်းကား သူနှစ်ခြိုက်လှသည့် စာပေရေးသား ခြင်းဖြင့် လောကအလှဆောင်မည့်လုပ်ရပ်ကို စွမ်းဆောင်ပေးမည့်သူ များစွာ ပေါ်ထွန်းစေရန် ရည်ရွယ်ရေးသားသည်ဟု ယုံကြည်သောကြောင့် ဤစာအုပ်ကို ထုတ်ဝေခြင်းဖြစ်ပေသည်။
ထုတ်ဝေသူ
စာမျက်နှာ
190
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2016
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
14 × 21 cm
ISBN