
တော်လှန်ရေးကာလ နိုင်ငံရေး အတွေ့အကြုံများ
စာရေးသူ - သိန်းဖေမြင့်
အကျဉ်းချုပ်
ဤစာအုပ်မှာ တော်လှန်ရေးကာလ ကျွန်ုပ်၏ အတွေ့အကြုံနှင့် ကျွန်ုပ်၏ ထင်မြင် ယူဆချက်များကို အရင်းအတိုင်း တင်ပြလိုက်ခြင်း ဖြစ်ပေသည်။ ယင်းသို့ ကျွန်ုပ်တင်ပြရာ၌ ကျွန်ုပ်၏ တင်ပြချက်များသာလျှင် အမှန်တရားဖြစ်သည်ဟူသော အစွဲကို မထားရှိပါ။ ပြီးခဲ့ သော အတွေ့အကြုံများကို ယနေ့အဖြစ်အပျက်များဖြင့် မှတ်ကျောက်တင်ကြည့်သော် ကျွန်ုပ် မှားခဲ့သော အချက်များ ရှိလေသည်။ ဥပမာ နိုင်ငံတကာရေးရာတွင် တီးတိုးနှင့်ပတ်သက်၍ အမှားများရှိခဲ့သည်။ ဗမာ့နိုင်ငံရေးတွင် ဗိုလ်လက်ျာလို လူရင်းအပေါ်တွင်ပင် အထင်အမြင်မှား သည့်အခါလည်း မှားခဲ့သည်။ အခြားအဖွဲ့အစည်းများနှင့် ပတ်သက်၍လည်း တစ်ခါတစ်ရံ ဂိုဏ်းဂဏ ဝါဒစွဲ အမြင်မကင်း ဖြစ်ခဲ့သည်။ ယင်းကဲ့သို့ ကျွန်ုပ်မှာ အမှားရှိလျှင် ပြင်ပြီး တင်ပြခြင်း မပြုပါ။ အရင်းအတိုင်း တင်ပြလိုက်ပါသည်။
ထို့ကြောင့် တင်ပြချက်များသည် အားလုံး အမှန်ချည်းဖြစ်သည်ဟု အာမ မခံပါ။ သို့ရာတွင် ဤစာအုပ်၏ တင်ပြချက်များသည် မာ့က်စ်ဝါဒသမားများနှင့် ပြည်ချစ်မျိုးချစ် အင်အားစုအားလုံး တော်လှန်ရေးကာလ ကိုယ့်အတွေ့အကြုံများကို ဆင်ခြင်သုံးသပ်ကြရာ၌ လည်းကောင်း၊ ဝေဖန်ရေးနှင့် ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးလုပ်ရာ၌လည်းကောင်း အကူအညီ ဖြစ်စေလိမ့်မည်ဟုကား အာမခံလိုပါသည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မြန်မာပြည်အတွက် အနုတ်လက္ခဏာများကို ဖယ်ရှားကာ ရှေ့တစ်ဆင့်တိုးတက်၍ တိုင်းသစ်ပြည်သစ် တည်ထောင်ကြရာ၌ မာ့က်စ်ဝါဒ သမားများပါ ပါဝင်သော ပြည်ချစ်တိုင်းချစ် အင်အားစုများသည် စုပေါင်းဆွေးနွေး ညှိနှိုင်းရာ၊ စုပေါင်းအဖြေရှာရာ၊ စုပေါင်းခေါင်းဆောင်ကြရာတို့၌ ကျွန်ုပ်၏ တင်ပြချက်များကို ထည့်သွင်း စဉ်းစားကြမည်ဆိုလျှင် ဤစာအုပ်ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက် ပြည့်ပြီဟု ယူဆ မျှော်လင့် သည် ဖြစ်ပါကြောင်း။
သိန်းဖေမြင့်
စာမျက်နှာ
439
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2021
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
23 × 14.7 cm