
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ (ပထမတွဲ)
စာရေးသူ - ရွှေဥဒေါင်း
အကျဉ်းချုပ်
တစ်သက်တာမှတ်တမ်းစာအုပ် လေးတွဲကို ရေးသားဖော်ပြခဲ့ရာ၌ ကျွန်ုပ်၏ ရည်ရွယ်ချက်မှာ “ရွှေဥဒေါင်း”တည်းဟူသော ပုဂ္ဂိုလ်တစ်ဦးသည် ချီးကျူးဖွယ်ကောင်းသော လူတစ်ယောက်ဖြစ်သည် ဟူ၍ စာဖတ်သူများ ယူဆကြစေရန် ရည်ရွယ်ချက် မရှိ။
လူချီးမွမ်းခံလို၍ ၎င်းမှတ်တမ်းကို ရေးထုတ်ခြင်းလည်း မဟုတ်။ “ရွှေဥဒေါင်း” သည် မည်သိုသော လူတစ်ယောက်ဖြစ်သည်ကို သစ္စာရှိစွာ သရုပ်ဖော်ပြခြင်းအားဖြင့် ဟုတ်တိုင်းမှန်ရာ မိမိအဖြစ်အပျက်များနှင့်တကွ မိမိအတွေးအခေါ်များကို စာဖတ်ပရိသတ်သို
တင်ပြရန် ရည်ရွယ်ချက်မျှသာ ရှိပါသည်။ တချိုနေရာများ၌ ကျွန်ုပ်သည် ရှက်ဖွယ်ရာ ကောင်းသော မိမိ၏ ညံ့ဖျင်းမှုများကိုပင်လျှင် စာဖတ်သူတိုအား မကွယ်မဝှက်၊ မဖုံးမဖိဘဲ ရိုးသားစွာ တင်ပြခဲ့ပါသည်။
ကဲ့ရဲ့ချင်လျှင်လည်း ကဲ့ရဲ့ကြစေ၊
ပြောင်လှောင်ချင်လျှင်လည်း ပြောင်လှောင်ကြစေဟု သဘောထားကာ ဟုတ်မှန်သမျှအတိုင်းသာ တင်ပြခဲ့ပါသည်။
စာမျက်နှာ
372
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
19 × 13.2 cm
ISBN
978-9-997-13778-4
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အမျိုးအစားခွဲများ
ဒဿန