
အာရှပုံပြင်များ
စာရေးသူ - ကျော်ရင်မြင့်
အကျဉ်းချုပ်
အာရှဒေသမှာ လူမျိုး မျိုးနွယ်စုပေါင်းများစွာ နေထိုင်ကြတယ်။ အတွင်းက ပုံပြ ပုံပြင်တွေကို ရွေးချယ်တင်ဆက်ထားပါတယ်။ ယ်။ ယခုစာအုပ်မှာ အာရှဒေသ
အာရှက ယဉ်ကျေးမှုထွန်းကားတာ အလွန်စောတယ်။ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာ ကြာမြင့်ချိန်ကတည်းက စတင်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံကို ကုန်းကြောင်း၊ ရေ ရေကြောင်းက သွားလာကုန် သွယ်ခဲ့ကြတ တယ်။ ခရီးသွားတွေက နိုင်ငံရပ်ခြားမှာ မတူညီတဲ့ယဉ်ကျေးမှုကို ထိတွေ့ခံစားကြရတယ်။ တိုးတက်ဖွံဖြိုးမှုကို နှစ်သက်လိုလားသူတွေက အခြားသူတွေရဲ့ကောင်းမွန်တဲ့ ယဉ်ကျေးမှုအတွေးအမြင် ဒဿနတွေကို ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် သယ်ဆောင်လာပါတယ်။ ခရီးသည်တွေနဲ့အတူ ပုံပြင်တွေက တွက ဒေသတစ်ခုကနေ နောက်ဒေသသစ်တစ်ခုကို ပြန့်ပွားခဲ့တယ်။ ၊ ဒီလိုနည်းနဲ့ အာရှက ပိုမို ယဉ်ကျေးခဲ့ကြတယ်။
ပုံပြင်တွေဟာ စာပေမပေါ်ပေါက်ခင်ကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။ လူ့သဘာဝက ပုံဝတ္ထု အဖြစ်အပျက် ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တယ်။ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို စ်ယောက်က နောက်တစ်ယောက်ကို ပြန်ပြောပြတဲ့အခါ စိတ်ဝင်စားစရာပိုဖြစ်အောင် မွမ်းမံတာတွေ လည်း ရှိမယ်။ ဖြစ်ချင်တာတွေကို စိတ်ကူးယဉ်ထားတာလည်း ပါမယ်။ ကိုယ်ပြောချင်တဲ့ အကြောင်း တစ်ပေအရာကို ဇာတ်လမ်းထွင်ပြီး ပုံပြင်အဖြစ် ဖန်တီးတာလည်းရှိမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုံပြင်တွေဟာ ဒေသ တစ်ခုရဲ့ယဉ်ကျေးမှုကိစ္စမှာ မပါမဖြစ် ဖြစ်ပါတယ်။ ပုံပြင်တွေက ချစ်စရာကောင်းတယ်။ ပုံပြင်တွေမှာ ပုံပြောသူပေးချင်တဲ့ “ရသ”၊ “အသိအမြင်”တွေပါရှိတယ်။ “ဓလေ့ထုံးစံ”၊ “အမူအကျင့်” တွေလည်း တွေ့ရမယ်။ စိတ်ဝင်စားဖို ကောင်းတယ်။ စူးစမ်းရှာဖွေ ကြည့်စေချင်ပါတယ်။
အာရှဟာ ကျယ်ပြောတယ်။ ပင်လယ်ပြင်ထဲက ကျွန်းနိုင်ငံတွေလည်း ပါတယ်။ ကုန်းမြေပေါ်က နိုင်ငံတွေလည်းပါတယ်။ တောင်တန်းတွေပေါ်က နိုင်ငံတွေလည်းပါတယ်။ သဲကန္တာရနိုင်ငံတွေလည်း ပါဝင်တဲ့ ဧရာမတိုက်ကြီး ဖြစ်ပါတယ်။ ဒီဒေသကြီးအတွင်းမှာ စီးပွားရေး၊ ယဉ်ကျေးမှု၊ လူမှုရေး၊ နိုင်ငံရေးတွေ ဆက်စပ်ပတ်သက်နေခဲ့ကြတယ်။ အခြားနိုင်ငံက ပုံပြင်တွေကို ဖတ်ကြည့်တဲ့အခါ အချို ပုံပြင်တွေက အလားတူ ပုံပြင်မျိုး မြန်မာမှာလည်း ရှိနေတာကို စာဖတ်သူက သတိပြုမိပါလိမ့်မယ်။ ယဉ်ကျေးမှုချင်း ကူးလူးခဲ့ကြတဲ့ သာဓကဖြစ်ပါတယ်။