
သဘာဝစာစဉ် (၄)
စာရေးသူ - တင်စိန် (ပထဝီဝင်)
အကျဉ်းချုပ်
ကျောရိုးတွေနဲ့ဆင့်ကဲဖြစ်ပေါ်တိုးတက်လာတဲ့ ပထမဆုံးသတ္တဝါကတော့ ငါးတွေပဲဖြစ်ပါတယ်။ ငါးတွေဟာ ကမ္ဘာမြေပေါ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း သန်း ၅၀၀ နီးပါးကတည်းက ပေါ်လာခဲ့ကြတယ်။ ငါးတွေဟာ ရေနေသတ္တဝါဖြစ်ပြီး ကမ္ဘာပေါ်ရှိ သမုဒ္ဒရာကြီးတွေ၊ ရေကန်ကြီးတွေနဲ့ မြစ်ချောင်းတွေထဲမှာ အသက်ရှင်နေထိုင်ဖို့ အံဝင်ခွင်ကျဖြစ်ခဲ့တယ်။ သူတို့တွေဟာ ရေအောက်မှာ အသက်ရှူနိုင်ကြပြီး အတော်များများကတော့ ရေထဲမှာ မြန်မြန်ဆန်ဆန်ကူးခတ်နိုင်စေဖို့ ပြေပြစ်တဲ့ ရှည်မျောမျောခန္ဓာကိုယ်ပုံစံရှိကြတယ်။ သဘာဝစာစဉ် (၄) မှာ ငါးများအကြောင်းဖော်ပြထားပါသည်။
စာမျက်နှာ
53
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
18.1 × 24.64 cm
ISBN
920-2-375-24930-0
ပစ္စည်းလက်ကျန်
ရရှိနိုင် (50)
အမျိုးအစား
အမျိုးအစားခွဲများ
ရေနေသတ္တဝါများအကြောင်း, ငါးများအကြောင်း
မာတိကာ
- ငါးတွေ ဘယ်လိုအသက်ရှင်နေထိုင်ကြသလဲ
- ငါးတွေရေထဲမှာ ဘယ်လိုကူးခတ်ကြသလဲ
- ငါးတွေ ဘယ်လိုအာရုံခံသလဲ
- ငါးတွေ ဘယ်လိုမျိုးဆက်ပွားသလဲ
- ငါးတွေသားပေါက်ကလေးတွေကို ဘယ်လိုစောင့်ရှောက်သလဲ
- ဆာလမွန်ငါးတွေ အုပ်စုလိုက်ရွှေ့ပြောင်းခြင်း
- ငါးမန်းတွေ ဘယ်လိုရှင်သန်နေထိုင်ကြသလဲ
- ငါးရဲ့အကာအကွယ်များ
- ငါးတွေ ဘယ်လိုကိုယ်ယောင်ဖျောက်ကြသလဲ
- ငါးကျောင်း
- မျိုးစိတ်မတူ သက်ရှိနှစ်ဦး ဘယ်လိုယှဉ်တွဲနေထိုင်ကြသလဲ
- ရေနက်ပိုင်းနေငါးတွေ ဘယ်လိုရှင်သန်နေထိုင်ကြသလဲ