
သပိတ်မှောက် ကျောင်းသား
စာရေးသူ - သိန်းဖေမြင့်
အကျဉ်းချုပ်
ကျောင်းသားများ သပိတ်မှောက်ရခြင်း၏ အကြောင်းရင်းမှာ စင်စစ်ကား တစ်ခုသာလျှင်ရှိသည်။ တစ်ခုတည်းသော အကြောင်းသည်သာ အသွင် အမျိုးမျိုး ဆောင်လျက်ဖြစ်ပေါ်လာခဲ့လေသည်။
ထိုတစ်ခုတည်းသောအကြောင်းမှာ ကျွန်ုပ်တို့အား တိုင်းရေး ပြည်ရေးဖြင့် ချုပ်ချယ်လျက် ကျွန်ုပ်တို့ စီးပွားရေး ကြီးပွားရေးတွင် အညွန့်ခူးနေသော ဗြိတိသျှ အင်ပီရီရယ်လစ်တို့သည် ကျွန်ုပ်တို့အား ကျွန်အဖြစ်ဖြင့် ရှည်ကြာစွာ ထားလို၏။ ကျွန်ုပ်တို့ ကျောင်းသား တစ်စုသည် အတန်ငယ် နိုးကြားလာသည်နှင့်တစ်ပြိုင်နက် ကိုယ့် စီးပွားရေး ကြီးပွားရေးကို ကိုယ်ကြိုက်သလို ခြယ်လှယ်စီမံနိုင်ရန် တိုင်းရေးပြည်ရေးတွင် လွတ်လပ်ခွင့် လိုကြသည်။ ကျွန်အဖြစ်မှ လွတ်မြောက်၍ သခင်ဖြစ်ချင်ကြသည်။ ထိုသို့ ကန့်လန့်တကျင် ဆန့်ကျင်လျက်ရသော လိုလားချက်နှစ်ခု ထိမှုခိုက်မှု ရန်ဖြစ်မှုမှ သပိတ်မှောက်ခြင်း ဖြစ်ပေါ်လာခဲ့လေသည်။
စာမျက်နှာ
557
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
5th Edition
စာအုပ်အရွယ်အစား
18.2 × 13 cm
ISBN
978-9-997-13082-2
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အမျိုးအစားခွဲများ
မြန်မာသမိုင်း, ကျောင်းသားသပိတ်