
နိုင်ငံတကာ ဗုဒ္ဓါနုဿတိ ဘာဝနာ
စာရေးသူ - ကိုရင်ဩ
အကျဉ်းချုပ်
နိုင်ငံတကာ ဗုဒ္ဓါနုဿတိ ဘာဝနာ
စကားဦး
မြတ်ဗုဒ္ဓ၏ တရားဓမ္မများနှင့် နွယ်စပ်၍ ဥရောပကဗျာဆရာ တချို့က ‘အာရှအလင်း” ဟု ကဗျာဉာဏ်ကွန့်ကြ၏။ ခရစ္စမတ် အဝန်း အဝိုင်းမှ စာရေး ဆရာများက “အနောက်ကမ္ဘာအတွက် အရှေ့ကမ္ဘာ၏ အကောင်းဆုံးလက်ဆောင်” ဟု တင်စားဖော်ညွှန်းကြ၏။ အမေရိက ဟားဗတ်တက္ကသိုလ် ပညာအဝန်းအဝိုင်းမှ အကျော်ဇေယျ ဘောဂဗေဒ ပါမောက္ခက “အာရှတန်ဖိုး” ဟု စံညွှန်းတွက်ချက်လိုက်၏။
“အာရှအလင်း”
“အာရှလက်ဆောင်”
“အာရှတန်ဖိုး”
ဟူသော ညွှန်းဆိုချက်များသည် ကန် ့သတ်ဘောင်ရှိနေ၍ ကျဉ်းမြောင်း နေသည် ဟု ယူဆမိ၏။ ယုံကြည်မိ၏။
အမှန်စင်စစ် မြတ်ဗုဒ္ဓ၏ တရားဓမ္မတို့သည် အာရှအလင်း ဆိုသည် ထက် ပိုလွန်၏။ ကမ္ဘာ့အလင်းဖြစ်၏။ အာရှတန်ဖိုးဆိုသည်ထက် ပိုလွန်၏။ ကမ္ဘာ့တန်ဖိုးဖြစ်၏။ အင်တာနေရှင်နယ် သဘောဆောင်၏။ ဂလိုဘယ် အခြေဆိုက်၏။ အပြန့်ကျယ်၏။
သို့ဖြစ်ပါ၍ မိမိအနေဖြင့် မြတ်ဗုဒ္ဓ၏ တရားဓမ္မများကို အင်တာ နေရှင်နယ်အလင်း၊ ဂလိုဘယ်အလင်း၊ အင်တာနေရှင်နယ်တန်ဖိုး၊ ဂလိုဘယ်တန်ဖိုးဟု ကျယ်ကျယ်ပြန့်ပြန့် စံထားချင်ပါ၏။ ဖော်ညွှန်းချင် ပါ၏။ ထို့ထက်လွန်ကာ ယူနီဗာဆယ်အလင်း၊ စကြဝဠာအလင်း ဟူ၍ လည်း ဆိုနိုင်ကောင်းအံ့ ထင်ပါ၏။
ဤအနှစ်သာရများကို ကိုယ်စားပြုထားသော “မြတ်ဗုဒ္ဓအပေါ် ကမ္ဘာကျော်ပုဂ္ဂိုလ်များအမြင်” ဟူသော ဤစာအုပ်သည် အမှန်စင်စစ် “နိုင်ငံတကာ ဗုဒ္ဓါနုဿတိဘာဝနာ” ပင် ဖြစ်ပါ၏။
ကိုရင်ဩ
စာမျက်နှာ
327
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2013
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား