
မျှဝေလိုသောအတွေးများ (၅)
စာရေးသူ - ဗန်မော်သိန်းဖေ
အကျဉ်းချုပ်
ဒီစာအုပ် “မျှဝေလိုသောအတွေးများ” (၅) ကို အထူးအထွေ မိတ်ဆက်ပေးစရာ မလိုဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ “မျှဝေ လိုသော အတွေးများ” (၁) ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှာ စတင် ထုတ်ဝေခဲ့ပါတယ်။ စာဖတ်သူများရဲ့ အားပေးမှုကြောင့် “မျှဝေလိုသော အတွေးများ’ (၂)၊ (၃)၊ (၄) တို့ကို ဆက်လက်ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ အရင် “မျှဝေလိုသောအတွေးများ စာအုပ်တွေလိုပဲ Google, YouTube စတဲ့ အင်တာနက်မှာ ရှာတွေ့ထားတာ၊ ဖတ်ထားခဲ့တဲ့ အင်္ဂလိပ်စာအုပ်က အကြောင်းအရာလေးတွေကို ဘာသာပြန်ထားတာပါ။ စာအုပ်ထဲက စာပုဒ်လေးတွေဟာ တိုပေမယ့် စာပုဒ်တိုင်းမှာ စဉ်းစားစရာ၊ တွေးစရာ message တစ်ခုစီ ပါပါတယ်။ အဲဒီ message
လေးတွေကို မြင်အောင် ဖတ်စေချင်ပါတယ်။ စာအုပ်ကို ဖတ်ပြီးသွားရင်လည်း စာအုပ်ပါ အကြောင်းအရာလေး တွေကို တ တခြားလူတွေ (အထူးသဖြင့် လူငယ်တွေ၊ ကလေးတွေ) ကို ဖတ်ခိုင်း ခြင်း၊ ပြောပြပေးခြင်းဖြင့် တစ်ဆင့် မျှဝေပေးစေလိုပါတယ်။
ဘာကြောင့် အဲဒီလိုလု အဲဒီလိုလုပ်ဖို့ ပြောရတာလဲဆိုတော့ စာအုပ်ထဲက စာပုဒ်လေးတွေဟာ လူတွေကို ခို အကြင်နာမေတ္တာတရားထားတတ်ဖို့၊ အကျင့် စာရိတ္တ ကောင်းမွန်စေဖို့၊ စိတ်ဓာတ်မြင့်မားစေဖို့ စတာတွေကို ဦးတည်ရေးထားတာပါ။ စာပုဒ်လေးတွေကို ဖတ်ရှုသူများလာရင်၊ တစ်ယောက်က ဖတ်ပြပေးတာကို နားထောင်သူများလာရင် ကျွန်တော်တို့နိုင်ငံမှာ လူရည်ချွန် သားကောင်း သမီးရတနာတွေ အများကြီး ပေါ်ထွန်းလာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ဗန်းမော်သိန်းဖေ
၂ဝ၂ဝ ခုနှစ်၊ မတ်လ (၁) ရက်
စာမျက်နှာ
290
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
12 × 21 cm
ISBN
920-2-375-24205-9
ပစ္စည်းလက်ကျန်
ရရှိနိုင် (50)