
ဒေါ်မာလာရီ
အကျဉ်းချုပ်
သမိဒ္ဓေါဒယ ဆရာကြီး ဒေါ်မာလာရီ "နှစ်ကိုးဆယ်ကျော် ဘဝခရီး"
🙏ကျမ်းပြုဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ (ပါချုပ်ဆရာတော်)🙏
"ဆရာကြီး ဒေါ်မာလာရီသည် ငယ်စဉ်မှစ၍ ဝိသဘာဂကို များစွာ ရှောင်သည်။ ရင်းနှီးအောင် အကျွမ်းဝင်အောင် မည်သည့်အခါမှ မပြုချေ။ တပည့် သီလရှင်များအား မကြာခဏ ဩဝါဒ ပေးရာတွင် ဤသို ထည့်သွင်း သတိပေးလေ့ရှိသည်။
“ရဟန်းယောက်ျားနဲ့ဖြစ်စေ၊ လူယောက်ျားနဲ့ဖြစ်စေ ဝိသဘာဂအာရုံ များနဲ့ ကူးလူးဆက်ဆံခြင်းကို များများကြီး ရှောင်ကြဉ်ရမယ်၊ သို့မှ သီလရှင်ဘဝ တာရှည်စွာ တည်နိုင်မည်”
ဆရာကြီး ဒေါ်မာလာရီသည် ဇာတရူပ သီလကိုလည်း များစွာ စောင့် ထိန်းခဲ့သည်။ ဒကာ၊ ဒကာမများက ဝတ္ထုကြေးငွေတို့ဖြင့် ကန်တော့သောအခါ မည်သည့်အခါမှ ထိကိုင်ခြင်း မပြုချေ။ “သီလရှင်အဖြစ်သည် တန်ဖိုးမဖြတ်နိုင်သော ဘဝပဒေသာပင်ကြီး တစ်ခုဟု ဆိုလိုက်သည်။ အချို့က သူတစ်ပါးထံ မျက်နှာအောက်ချ တောင်းစား ရ၍ သီလရှင်မလုပ်ချင်ဟု ပြောလေ့ရှိသည်။ မြတ်စွာဘုရား ကိုယ်တော်မြတ်ကြီး သည် စကြာမင်းစည်းစိမ်ကို ခံစားနေလျှင် အဘယ်မှာ တောထွက်နိုင်ပါမည် နည်း” ဟု တပည့်သီလရှင်များအား ဩဝါဒပေးရာ၌ ထည့်သွင်းပြောကြားခဲ့ သည်။
ဆရာကြီး ဒေါ်မာလာရီ၏ ပစ္စုပ္ပန် သီလစင်ကြယ်မှုမှာ ကိုယ်တွေ့ မျက်မြင်ဖြစ်၍ လူတိုင်း သိနိုင်၏။ ကြည်ညိုနိုင်ကြ၏။ ဆရာကြီးသည် အသက် ၉၅ နှစ်ရှိပြီဖြစ်သော်လည်း ပြောပလောက်အောင် မျက်စိမှုန်ဝါး နားပါးလေးလံ ခြင်းမရှိ၊ သွားများလည်း အကောင်းပကတိပင်ဖြစ်၏။ ဆရာကြီးနှင့်တွေ့သူတိုင်း က “သီလ ကောင်းလိုက်တာနော်” ဟု အံ့ဩချီးမွမ်းကြရ၏။ ယခု ပစ္စုပ္ပန်ဘဝ၌ အသက်ရှည်ခြင်း၊ မျက်စိ နား သွား ပျက်ပြား၊ မရှိခြင်းကို မြင်ရ၍ အနုမာနနည်း” ဖြင့် အတိတ်ဘဝ၌ သီလစင်ကြယ်ခဲ့ပုံကို မှန်းဆ သိနိုင်ပေသည်။"
စာမျက်နှာ
208
ပုံစံ
Hardcover
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား