
တိပိဋကနီတိ
စာရေးသူ - လယ်တီပဏ္ဍိတဦးမောင်ကြီး
7,000 ကျပ်
အကျဉ်းချုပ်
ဤ “တိပိဋကနီတိ” မှာ လောကီဆရာတို့ ရေးသားကြသော နီတိမျိုး မဟုတ်ဘဲ အနုတ္တရ, တိဘဝပါရဂူ၊ ဓမ္မနီတိ ဆရာကြီးတစ်ဆူ ဖြစ်တော်မူသော ရှင်တော်မြတ်ဘုရား ကိုယ်တော်တိုင် ဟောကြား တော်မူအပ်သော ဂါထာများ ဖြစ်သောကြောင့် ဗုဒ္ဓဘာသာကို ကိုး ကွယ် အားထားလျက် ရှိကြကုန်သော အမျိုးကောင်းသား၊ အမျိုး ကောင်း သမီးတို့သည် ဤ “တိပိဋကနီတိ” အချက်တို့ကို နှစ်နှစ် သက်သက်၊ မှတ်မှတ်သားသား ဖတ်ရှုတော်မူကြပြီးလျှင် ပိဋကတ် သုံးပုံကို ပူဇော်လိုသော သဒ္ဓါထက်ထက်နှင့် အရဆောင်၍ ထားသင့် ကြပေသည်ဟု ထင်မိပေသတည်း။
စာမျက်နှာ
213
ပုံစံ
Paperback
ထုတ်ဝေသူ
ရာပြည့်စာပေ
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 13.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အမျိုးအစားခွဲများ
ဘာသာရေး
မာတိကာ
- ‘ပဏ္ဍိတ' အမည်ကို ခံယူသော ပုဂ္ဂိုလ်တို့၏ လက္ခဏာများကို ပြဆိုခြင်း
- 'ဗာလ' လက္ခဏာ စရိုက်များကို ပြဆိုခြင်း
- 'ပဏ္ဍိတ' နှင့် 'အပဏ္ဍိတ” သဘောနှစ်မျိုးကို ခွဲခြား ပြဆိုခြင်း
- ငြိတွယ်ပြိုးပြွမ်းကာ မနေထိုက်ကြောင်း၊ ကိုယ့်စွမ်း အားကိုးကာ ကိုယ်ပိုင်အလိမ္မာဖြင့် နေသင့်ကြောင်း
- နေ့၊ ညဉ့်၊ အချိန်နာရီများကို အကျိုးရှိအောင် အသုံးပြုသင့်ကြောင်း
- ကောင်းသော အောင်မြင်ခြင်း အကြောင်း
- မည်သည့်အရာမဆို အဆောတလျင် မဆင်မခြင်ဘဲ မပြုထိုက်ကြောင်း
- မနာလို ဝန်တိုခြင်း သဘောမျိုးဖြင့် ပြစ်တင်ကဲ့ရဲ့ခြင်းများကို လျစ်လျူရှုသင့်ကြောင်း
- လောကီလူတို့ အများအပြား အားကျလိုက်စားသော အရေးအရာတို့၌ မပါဝင်သင့်ကြောင်း
- အကျိုးရှိသော နေခြင်းဖြင့် နေထိုက်ကြောင်း
- သာသနာရေးနှင့် သက်ဆိုင်သော နီတိအချက်ကြီး လေးပါးကို ပြဆိုခြင်း
- အညစ်အကြေး လေးမျိုးကို ပြဆို ညွှန်ကြားချက်
- မိတ်ဆွေကို အားမကိုးဘဲ မိမိကိုယ်ကိုသာ အားကိုးထိုက်ကြောင်း
- ဆင်းရဲ-ချမ်းသာ နှစ်ပါးကြောင့် လှုပ်ရှားခြင်း မရှိရန် ညွှန်ကြားချက်