
ဒေးလ်ကာနက်ဂျီ လူသန်းပေါင်းများစွာတို့၏ ဘဝကိုပြောင်းလဲစေခဲ့သူ
စာရေးသူ - ဖေမြင့်
အကျဉ်းချုပ်
ပရိတ်သတ်ရှေ့တွင် ထိရောက်စွာ စကားပြောဆိုတတ်ခြင်း၊ လူအများကို မိမိဘက် ပါအောင် ဆက်ဆံပေါင်းသင်းစည်းရုံးတတ်ခြင်း
ဤသည်တို့ကား ယနေ့ကာလ မည်သည့်လုပ်ငန်းနယ်ပယ်၌မဆို ခေါင်းဆောင် ဖြစ်မည့်သူများ မုချပိုင်ဆိုင်ထားရမည့် အရည်အချင်းကောင်းများ ဖြစ်သည်။
ဒေးလ်ကာနက်ဂျီ ဆိုသော ပုဂ္ဂိုလ်သည် လူပေါင်းမြောက်မြားစွာတို့ ၌ ၎င်းအရည် အချင်းတွေ ရှိလာအောင် ဖော်ထုတ်လေ့ကျင့် မြှင့်တင်ပေးခဲ့သူ ဖြစ်သည်။
ယနေ့ကမ္ဘာတစ်ဝှမ်း မြို့ ကြီးများရှိ ဒေးလ်ကာနက်ဂျီ သင်တန်းကျောင်းများတွင် နှစ်စဉ် သင်တန်းသားပေါင်း ၁၅ဝဝဝဝ မျှ တက်ရောက်လျက်ရှိပြီး၊ သင်တန်းဆင်းသွား သူများကား သန်းချီ၍ ရှိနေပြီ။
သူ့ပညာ သူ့သင်တန်းကို တလေးတစား ချီးပဂုဏ်တင် ပြောဆိုကြသည့် သူသင်တန်း ဆင်း တပည့်များထဲတွင် ကမ္ဘာ့စီးပွားရေးလောက၌ ထင်ရှားသော စီမံခန့် ခွဲရေးဂုရု စတူးလဲနဒ်၊ အမေရိကန် စီးပွားရေးသူရဲကောင်းကြီး တစ်ဦးဖြစ်သူ အိုင်ယာကော့ကာ စသည့် အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ်ပေါင်းများစွာ ပါဝင်သည်။
ကာနက်ဂျီ၏“မိတ္တဗလဋီကာ”ကျမ်းသည် လူမှုဆက်ဆံရေး နယ်ပယ်တွင် အောင်မြင် လိုသူတို့အတွက် လက်တွေ့သုံးစွဲနိုင်သည့် အထိရောက်ဆုံး ကျမ်းတစ်စောင်ဖြစ်၍ သမ္မာကျမ်းစာပြီးလျှင် အရောင်းရဆုံး စာအုပ်ဟု ဂုဏ်တင်ပြောဆိုရသည်အထိ ကျော်ကြား အောင်မြင်ခဲ့သည်။
စာမျက်နှာ
226
ပုံစံ
Paperback
ထုတ်ဝေသူ
ဖေမြင့်စာပေ
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား