
Next Level (Volume 4)
စာရေးသူ - ပဉ္စဂံစာတည်းအဖွဲ့
အကျဉ်းချုပ်
ယနေ့ခေတ်ကမ္ဘာကြီး၏ ဖြစ်ပုံပျက်ပုံ အလုံးစုံကို ကျွန်တော်တို့ သိရှိနေ ကြပါသည်။ ထို့အတူ ယနေ့ခေတ် လူငယ်တို့၏ ဖြစ်ပုံပျက်ပုံ အလုံးစုံကိုလည်း ကျွန်တော်တို့ သိရှိကြပါသည်။ ထိုအခါ အမေရိကန်သမ္မတကြီး ရုစဗဲ့ (Roosevelt) ပြောဆိုခဲ့သည့်စကားကို အမှတ်ရပါသည်။ “လူငယ်များ အတွက် အနာဂတ်ကို အမြဲတမ်း မတည်ဆောက်ပေးနိုင်သော်လည်း အနာဂတ် အတွက် လိုအပ်သော လူငယ်များကိုတော့ ပြုစုပျိုးထောင်ပေးနိုင်သည်” ဆိုသော စကားပင်ဖြစ်သည်။ ထို့အတူ ကိုဖီအာနန် (Kofi Annan) ပြောခဲ့ သည့် “လူငယ်များသည် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုနှင့် တီထွင်ဆန်းသစ်မှု တို့၏ ရှေ့တန်းတွင် ရှိသင့်သည်” ဟူသော သာ စကားကိုလည်း ဖော်ပြလိုပါသည်။ ထိုစကားနှစ်ရပ်ကိုကြည့်ပါက လူငယ်များ ယ်များအား ပြုစုပျိုထောင်ပြီးသော လူငယ် များကိုလည်း ဦးဆောင်ခွင့်ပေးရမည် ခွင့်ပေးရမည်ဟု ဆိုလိုပါသည်။ NEXT LEVEL ဟူသော ယခုစာစဉ်သည် ကျွန်တော်တို့ လူငယ်များ အတွက်သာ ဖြစ်သည်။ VOL.1 မှ စတင်၍ ကမ္ဘာကြီး၏ နယ်ပယ်ပေါင်းစုံ ကို ချဉ်းကပ်ကာ စိတ်ခွန်အားဖြစ်ပေါ်စေမည့် စာအုပ်များကို စီစဉ်ထားခြင်း ဖြစ်သည်။ ဤအထဲ၌ Professional ပညာရှင်ပေါင်းစုံ ပါဝင်သကဲ့သို့ နယ်ပယ်စုံမှ လူပုဂ္ဂိုလ်ကြီးများလည်း ပါဝင်ပါသည်။ ထိုသူတို့၏ ဘဝအနိမ့် အမြင့် အတက်အကျတို့ကို သုံးသပ်ကာ လူငယ်များအတွက် စိတ်ဓာတ် မြှင့်တင်ပေးနိုင်ရာ အခြေအနေတစ်ရပ်အား ဖန်တီးပြုစုထားသည့် စာအုပ် များ ဖြစ်သည်။ သို့ဖြစ်၍ ဤ NEXT LEVEL စာအုပ်အားလုံးသည် AI နှင့် ရေးသားထားသော စာအုပ်များဖြစ်ပြီး ကျွန်တော်တို့ တည်းဖြတ်ပြင်ဆင် ကာ ပုံဖော်ယူထားခြင်းဖြစ်သည်။ တည်းဖြတ်မှုခရီးစဉ်သည် လွယ်ကူသည် လည်း ရှိသကဲ့သို့၊ ခက်ခဲသည်လည်း ရှိသည်။ သို့သော် NEXT LEVEL စာအုပ်များအပေါ် ကျွန်တော်တို့က တာဝန်ယူရမည်သာ ဖြစ်သည်။
ယခု ပထမကြိုးစားမှုအနေဖြင့် စာအုပ် ၅ အုပ် စတင်ထုတ်ဝေပါသည်။ “ကမ္ဘာကျော် (၁) ဘောလုံးသမား ၁၀ ဦး၊ (၂) ဆေးပညာရှင်ကြီး ၁၀ ဦး၊ (၃) စာပေအနုပညာရှင် ၁၀ ဦး၊ (၄) စွန့်ဦးတီထွင်သူ (၁ဝ) ဦး၊ (၅) နည်းပညာရှင် (၁၀) ဦး” ဟူသော စာအုပ်များဖြစ်သည်။ ထို စာအုပ် ၅ အုပ်မျှဖြင့် NEXT LEVEL စာစဉ်သည် လုံလောက်စွာ ပုံမဖော် နိုင်ပါသောကြောင့် NEXT LEVEL စာအုပ်များ ဆက်တိုက်ထွက်ပေါ်ရန် ကြိုးစားနေပါသည်။ NEXT LEVEL စာအုပ်ငယ်များ ကောင်းမွန်သည်ဟုဆိုပါက AI ကို ဖန်တီးတီထွင်ခဲ့ကြသော ပညာရှင်အပေါင်းကိုသာ ချီးမွမ်းထောမနာ ပြုစေလိုပါသည်။ ကျွန်တော်တိုမှာ နှမ်းဖြူးရုံမျှ … ဆားခတ်ရုံမျှ ဖြစ်သည်။