
ရဝမ်ပုံပြင်များ
စာရေးသူ - လူထုဦးလှ
အကျဉ်းချုပ်
ရဝမ်များနေတဲ့ ဒေသကတော့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင် ပြည်နယ် ၁။ ပူတာအိုမြို့နယ်၊ ၂။ နောင်မွန်းမြို့နယ်၊ ၃။ ခေါ်ဘူဒ် မြို့နယ်၊ (အရင်က ခေါင်လန်ဖူးမှာ မြို့နယ်ရုံးစိုက်တယ်) ၄။ မချမ်း ဘောမြို့နယ်၊ ၅။ ဆွမ်ပရာဘွမ်မြို့နယ်၊ ၆။ မြစ်ကြီးနားမြို့နယ်၊ ၇။ လောက်ဆောက်မြို့ နယ်များ ဖြစ်ပါတယ်။ ရဝမ်များဟာ မြောက်ပိုင်းတိဘက်နဲ့ မွန်ဂိုးလီးယားဘက်က ဆင်းခဲ့သူတွေပါ။ ဒါပေမဲ့ ဟိုး အောက်ပိုင်းရောက်အောင် ဆင်းသွားသူတွေတော့ မဟုတ်ဘူး။ ရွာမတည် ရသေးတဲ့ နေရာလွတ်ကောင်းကောင်းတွေမှာ ရွာတည်ပြီး အခြေစိုက် နေထိုင်ကြသူတွေပဲ။ ရဝမ်ဆိုတာ အလယ်ဗဟိုမှာရှိတဲ့ မြစ်ကနေပြီး ဆင်းလာတဲ့ လူမျိုးလို့ အဓိပ္ပာယ်ရတယ်။ မလိခနဲ့ မေခမြစ်ဖျားဒေသမှာ အနေ များပါတယ်။
စာမျက်နှာ
217
ပုံစံ
Paperback
ထုတ်ဝေသူ
လူထုကြီးပွားရေးပုံနှိပ်တိုက်
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
13 × 19 cm
ISBN
-
ပစ္စည်းလက်ကျန်
ကုန်နေပါပြီ
အမျိုးအစား
အမျိုးအစားခွဲများ
တိုင်းရင်းသားပုံပြင်များ
တဂ်များ
မာတိကာ
- မိတ်ဆက်
- လထဲက အရိပ် (SHVLÁ VDÒNG BÀNGZÌ)
- နေကြတ်ပုံ (VNÀM GO OWENVNG VNAM NAQ OWE)
- ကမ္ဘာဦးလူ (NVM PVNG NVMLAT VSVNG)
- ဆားမ (SHVLAQ MÈ MVSHIL)
- အိမ် ဖြစ်ပေါ်လာပုံ (CHLM WA PA: NGO WE MV SHIL)
- အံ့သြဖွယ်တောင်ကြီး (VHANG VTVNG KWIN ZU MVZONG)
- ရှာလားဒီးဆေးနီး (SHALA DII CENE)
- သူဌေးကြီးနဲ့ လူငယ်နှစ်ယောက် (MVGAM SVTEPE NVNG DVZVR SHU VNI PE MV SHIL)
- ခြေလှမ်းငါးရာ (HÍMAL PVNGWÀ YÁ)
- မခန်းယားနဲ့ ဝက်ဝံ (MVKVNG YÁ NVNG SHVWÍ)
- ဝက်သားလိမ်စားတဲ့ မခန်းယား (WAQ SHỦ SHA YÙM KE DÁ: NGO WE, MVKANG YÁ)
- မခန်းယားနဲ့ မဇူးသား (လ်) (MVKVNG YÁ NVNG MVSU DÁL)
- မခန်းယားနဲ့ နဂါး (MVKVNG YÁ NỤNG BØRIN MVSHØL)
- မခန်းယားရဲ့ ကြောင် (MVKVNG YA VMI)
- မျက်မမြင် ညီနောင် (NE MÀN NVMNÍCÈ)
- မခန်းယားရဲ့ ကောင်းမှု (MVKVNG YA SHVLA WE)
- မဆိုးဒါးလ်နဲ့ မခန်းယား (NVSU DALNVNG MVKVNG YA)
- တကူနန်းရီဖေ (DAGUNING RI PE)
- မိဘမဲ့သားနဲ့ သူဌေးကြီး (DVRVT CE NVNG SVTE MVGAM)
- ခွင်စေက လိမ်မပြောပါ (KWIN ZE VYÁ KÀ MẸ TA NI)
- ဖားရှာသမားနဲ့ ဘီလူး (NAQ GING VWAN KE WE NVNG NAQTO)
- ဖားကြီးနအုံး (NAQ UNG)
- ပင့်ကူနဲ့ ပိုးဟပ် (Dong Zil Nvng Kang Ding Mvshil)
- ဝက်နှုတ်သီးထော်ရပုံ (WAQ NONG GUPSHVZOQ)
- ပျားကောင် ဘာ့ကြောင့် ခါးသိမ်ရသလဲ (KWA BVNG SHUT VJUQ DVJIQ WE)