
အရှေ့ပိုင်းကရင် ခလောက်နို့ ပုံပြင်များ
စာရေးသူ - လူထုဦးလှ
အကျဉ်းချုပ်
ခလောက်နို့ကတော့ တစ်မျိုးဖြစ်တယ်။ စာပေနဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို လိုက်စားကြတယ်။ ဘာသာနဲ့ အမျိုးကို အထူး စောင့်ရှောက်တယ်။ လောကကြီး ဘာဖြစ်ဖြစ် ဂရုမစိုက်လှဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက ဗုံးတွေတဒိုင်းဒိုင်းချနေပေမယ့် “ဂျပန် ဗုံးချလည်း ကရင်ဒုံးက မပျက်ဘူး” ဆိုပြီး ဒုံးက နေနိုင်တဲ့ ရွာမျိုး တွေ ဖြစ်တယ်။ လောကကို ရယ်စရာလို မြင်အောင်ကြည့်နိုင်ကြ တယ်။ ဟာသပညာဟာ သူတို့ရဲ့ ဝမ်းတွင်းပါ အတတ်မျိုးလို ဖြစ်နေ တယ်။ အကြောင်းတစ်ခုခုကို ရယ်စရာထောင့်ကစပြီး မြင်တယ်။ စူးစမ်းလိုစိတ်လည်း များတယ်။ ဒီဗီဇသတ္တိတွေကြောင့် ခုအထိခလောက်နို့နယ်မှာ ဘာသာခြားအယူများ မဝင်နိုင်ဘဲ ရှိနေတာ ဖြစ်တယ်။ ကုလား၊ တရုတ်က အစ ဗမာ၊ မွန်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေပါ မရှိဘဲ ကရင်သန့်သန့်ချည်းသာ ရိုးရာနဲ့ ဓလေ့ ထုံးစံမပျက် နေနိုင်ခဲ့ကြတယ်။
စာမျက်နှာ
251
ပုံစံ
Paperback
ထုတ်ဝေသူ
လူထုကြီးပွားရေးပုံနှိပ်တိုက်
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
13 × 19 cm
ISBN
-
ပစ္စည်းလက်ကျန်
ကုန်နေပါပြီ
အမျိုးအစား
အမျိုးအစားခွဲများ
တိုင်းရင်းသားပုံပြင်များ, ပုံပြင်များ
မာတိကာ
- မိတ်ဆက်
- သစ်တောက်ငှက်အော်ရင်
- ကထိန်ရက်
- အတွဲကောင်းတဲ့မီးပုံး
- ကိုဗလရဲ့ နွားကြီး
- ကျားဇာတ်
- အယောင်ပြိုင်ဦးမလား
- ခလောက်နို့ကောက်ညှင်း
- ဘိုးအေကိုတောင် ချမ်းသာမပေး
- မှတ်ကရော့
- ခလောက်နို့သားကို စမ်းသလား
- ထိုးတိုင်းထိတာတောင် ကုန်သေး
- မယားကို တားနည်းတစ်မျိုး
- သူ့ ဓလေ့ ကိုယ့်ဓလေ့
- ဇာတ်က ဒီလောက်ပဲ လွမ်းခဏ်းကောင်းသလား
- ကြွားချင်ပါပေ့
- ငါးလင်ပန်းကို ကြောက်သူ
- ယောက္ခမကြီးပြီးရင် ဘယ်သူလဲ
- ကြိုးစားပြီး ကပြမယ်ဆိုလို့
- ဇိုးကြာမြိုင်မြင်ခဲ့တဲ့ ပင်လယ်ကူးသင်္ဘောကြီး
- သားသမီးကို ရိုက်ဆုံးမတဲ့ မိခင်
- မဲကတောင် ကန်တော့နေတယ်
- နှစ်ပေါင်း (၃ဝ) ကျော် မပြောဝံ့တဲ့ ပုံပြင်
- နင်အရေးကြီးဆုံးပဲ
- ကျောင်းသားချင်းတောင် မတူ
- အဆစ်ပေးပါ
- ကူညီတတ်ပါတယ်
- ခလောက်နို့ကလူ
- လှေပွဲနိုင်အောင် လှော်နည်း
- ဇာတ်ဖျင်း
- လူကြီး
- ကောင်းလိုက်တဲ့လှေပွဲ
- ဦးပန်းမွှေး မြေးဆုံးမနည်း
- ခိုးထုပ် ခိုးထည်
- ထမင်းချိုး
- ခလောက်နို့သားသမက်
- တကယ့်ဆူး
- ခလောက်နို့ကို သပိတ်မှောက်တဲ့ဒုံး
- ကတိတည်တဲ့ ဖပွဲ
- ဆာရင် ချက်စားကြတာပေါ့ကွာ
- အိုဇာတာကောင်းတဲ့ ဦးတာပိုက်
- သူ့အသိနဲ့ သူ
- ရှက်တတ်တဲ့အပျိုငယ်
- ကိုဒရယ်
- အမူပိုတဲ့ အပျိုချော
- အချိန်လုရတဲ့ နန်းမူးအွာ
- ဗိုလ်ကြာခင်
- ကွမ်းကြိုက်သူ
- မြို့သူတွေဟန်လုပ်လွန်းလို့
- အပျို့မုန့်ဆန်း
- တင်းကြပ်တဲ့ ရိုးရာဓလေ့မှ ထွက်ခဲ့ပုံ
- အရှုံးအနိုင်မရှိ
- မီးခြစ်မပါဘူး
- သောက်ရင် မမူးရ