
မျှဝေလိုသောအတွေးများ (၁)
စာရေးသူ - ဗန်းမော်သိန်းဖေ
အကျဉ်းချုပ်
ဖတ်ခဲ့တဲ့ ကျွန်တော် ဖေ့ဘုတ်မှာ စာတိုလေးတွေ စရေးခဲ့တာ ၂ဝ၁၄ ခုနှစ် လောက်ကတည်းကမို့ ၂ နှစ်ကျော်ခဲ့ပါပြီ။ နှစ်ပေါင်းများစွာ ဖ စာအုပ်တွေက အကြောင်းအရာတွေ၊ ၊ အသက်အရွယ်ဒ ယ်အရ ရလာတဲ့ အတွေ့ အကြုံတွေကို သူများတွေကို သိစေချင်လို့၊ မျှဝေပေးချင်လို့ ရေးခဲ့တာပါ။
ရေးပြီးတာတွေကို ဖေ့ဘုတ်ပေါ်မှာတင်ရင်းနဲ့ ကျွန်တော် ဘာသတိပြုမိလာသလဲဆိုတော့ ကျွန်တော်ရေးတင်တဲ့ စာလေးတွေကို အထူးသဖြင့် လူငယ်တွေက ပိုပြီး နှစ်သက်သဘောကျကြတာကို သတိထား မိလာတယ်။ တချို့လူငယ်တွေဆိုရင် message ပို့ပြီး သူတို့သိချင်တာတွေကို မေးလာကြတယ်။ အကြံဉာဏ်တွေ တောင်းလာကြတယ်။ တချို့လူငယ်တွေ ကလည်း သူတို့မသိတာတွေ သိလာရလို့ ကျေးဇူးတင်ကြောင်း ကွန်မင့်မှာ ရေးလာကြတယ်။ ဒီလိုစာမျိုးလေးတွေ ထပ်ရေးပေးဖို့ ပြောလာကြတယ်။ ဒီလိုအားပေးမှုတွေဟာ ကျွန်တော့်ကို ဖေ့ဘုတ်ပေါ်မှာ စာလေးတွေကို ဆက်လက်ရေးနေဖို့ တွန်းအားပေးနေခဲ့ပါတယ်။
ဒါတွေ ရေးပြရတာက ဒီစာအုပ်ဖြစ်လာရတဲ့ အကြောင်းရင်းမို့ပါ။ တကယ်လို့သာ ဖေ့ဘုတ်မှာ ရေးတင်လိုက်တဲ့ ပို့စ်တွေကို အဲဒီလို အားပေးမှုမျိုး မရခဲ့ဘူးဆိုရင် ဆက်ရေးဖြစ်မှာ မဟုတ်တော့သလို ဒီစာအုပ် ဖြစ်လာ နိုင်စရာအကြောင်းလည်း ရှိမှာမဟုတ်ပါဘူး။
ကျွန်တော် စာရေးတဲ့အခါတိုင်းမှာ ရည်ရွယ်ချက်တစ်ခု အမြဲ ထားခဲ့ပါတယ်။ အဲဒါက လူငယ်လေးတွေအတွက် အကျိုးရှိစေမယ့် စာဖြစ် ရမယ်လို့။ ဒါကြောင့် ရေးတဲ့စာတိုင်းမှာ လူငယ်တွေအတွက် မှတ်သားစရာ တစ်ခုဖြစ်ဖြစ်၊ တွေးစရာတစ်ခုဖြစ်ဖြစ်၊ အကျိုးရှိနိုင်မယ့် အချက်တစ်ခု ဖြစ်ဖြစ် ပါစေဖို့ ကြိုးစားရေးခဲ့ပါတယ်။ ကျွန်တော့်ရည်ရွယ်ချက် အောင်မြင် တယ်၊ မအောင်မြင်ဘူးဆိုတာ မသိရပေမယ့် အဲဒီလို ရည်ရွယ်ချက်ထားပြီး ရေးနေရတာကို ကျေနပ်နေမိပါတယ်။
ဒီစာအုပ်မှာပါတဲ့ စာလေးတွေဟာ ကျွန်တော် လွန်ခဲ့တဲ့ ၂ နှစ် ကျော်က စရေးပြီး၊ ဖေ့ဘုတ်မှာ တင်ခဲ့တာတွေထဲက ကောင်းနိုးရာရာလေး တွေကို ရွေးထုတ်ထားတာပါ။ တချို့စာတွေဟာ ဖတ်ပြီးသားတွေ ဖြစ်ချင် ဖြစ်နေမှာပါ။ ဖတ်ပြီးသားဆိုရင်လည်း ပြန်လည်အမှတ်ရစေမယ့် သဘော လေးနဲ့ ထပ်မံ ဖတ်ကြည့်စေချင်ပါတယ်။