
မျှဝေလိုသောအတွေးများ (၃)
စာရေးသူ - ဗန်းမော်သိန်းဖေ
အကျဉ်းချုပ်
ကျွန်တော့်ရဲ့“မျှဝေလိုသော အတွေးများ” စာအုပ်ကို ၂ဝ၁၆ ခုနှစ်၊ အောက်တိုဘာလမှာ ထုတ်ဝေခဲ့ပြီး “မျှဝေလိုသော အတွေးများ (၂)” စာအုပ် ကို ၂ဝ၁၇ ခုနှစ်၊ ဇူလိုင်လမှာ ထုတ်ဝေခဲ့ပါတယ်။ စာဖတ်ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အခု “မျှဝေလိုသော အတွေးများ (၃)” ကို ဆက်လက် ထုတ်ဝေလိုက်ပါတယ်။
ဒီစာအုပ်ဟာလည်း အရင်စာအုပ်တွေလိုပါပဲ။ လွန်ခဲ့တဲ့ တစ်နှစ်တာ ကာလအတွင်းမှာ ကျွန်တော့်ရဲ့ “Bamaw Thein Pe” ဖေ့စ်ဘွတ်အကောင့်နဲ့ “ဗန်းမော်သိန်းဖေရဲ့ မျှဝေလိုသောအတွေးများ” Page တွေပေါ်မှာ တင်ခဲ့တဲ့ ကောင်းနိုးရာရာ ပိုစ်လေးတွေကို ရွေးချယ်ပုံနှိပ်ထားတာပါ။
ဒီစာအုပ်မှာပါတဲ့ အကြောင်းအရာတွေဟာ Google; YouTube စတဲ့ အင်တာနက်ပေါ်မှာ ရှာတွေ့တာ၊ အင်္ဂလိပ်စာအုပ်တွေထဲက ဖတ်မိ တာလေးတွေနဲ့ ကိုယ်ပိုင်အယူအဆလေးတွေပေါ် အခြေခံပြီး ရေးပြထား တာပါ။ စာအုပ်မှာပါတဲ့ စာပုဒ်လေးတွေဟာ တိုပါတယ်။ ဒါပေမဲ့ စာတိုလေး တွေတိုင်းမှာ ကျွန်တော်ပေးချင်တဲ့ message တစ်ခုစီ ပါပါတယ်။ mes- sage လေးတွေဟာ လူငယ်တွေအတွက် သူတိုဘဝကို ပြောင်းလဲသွား စေမယ့် တွန်းအားလေးတွေ ဖြစ်ကောင်းပါရဲ့လိုလည်း ယုံကြည်မိပါတယ်။ဒီစာလေးတွေကို ဖတ်ပြီးလို အနည်းဆုံး တစ်ဦးတလေရဲ့ဘဝ တိုးတက် ပြောင်းလဲသွားမယ်ဆိုရင်တောင် ဒီစာလေးတွေရေးရကျိုး နပ်တယ်လို ခံစားမိပါတယ်။
ဒီစာအုပ်ကို ဖြစ်မြောက်အောင် ကြိုးစားပေးကြတဲ့ ပဉ္စဂံစာအုပ် တိုက်မှ ထုတ်ဝေသူ ကိုဆန်းအောင်သူ၊ မျက်နှာဖုံးဒီဇိုင်း ရေးဆွဲပေးသူ ဆရာပန်းချီတင်ထွဏ်းနဲ့ စာစီနဲ့ စာအုပ်အပြင်အဆင်လုပ်ပေးသူ ကိုလူမော် တိုကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်။
ဗန်းမော်သိန်းဖေ
၂၀၁၈ ခုနှစ်၊ မေလ (၃၀) ရက်
စာမျက်နှာ
292
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2018
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
12 × 21 cm
ISBN
မာတိကာ
- ခံစားမှုရသ
- စဉ်းစရာအတွေး
- ကြီးပွားအောင်မြင်ရေး
- စိတ်ဓာတ်မြှင့်တင်ရေး
- စာအုပ်ဖတ်ခြင်း
- ရယ်မောစရာလေးများ