
မျှဝေလိုသောအတွေးများ (၆)
စာရေးသူ - ဗန်းမော်သိန်းဖေ
အကျဉ်းချုပ်
ကျွန်တော့်ရဲ့ မျှဝေလိုသောအတွေးများ စာအုပ်တွေ ထုတ်ဝေနေခဲ့ ရာက ၂ဝ၂ဝ ပြည့်နှစ် မေလမှာ မျှဝေလိုသောအတွေးများ (၅) စာအုပ်ကို နောက်ဆုံးထုတ်ဝေပြီး ရပ်နားခဲ့ပါတယ်။ အခုတော့ စာဖတ်ပရိသတ်တချို့ရဲ့ တောင်းဆိုမှုကြောင့် မျှဝေလိုသောအတွေးများ (၆) စာအုပ်ကို ရေးသား လိုက်ပါတယ်။
ဒီစာအုပ်ဟာ Chicken Soup for the Soul at Work စာအုပ်က အကြောင်းအရာတွေကို ဘာသာပြန်ထားတာပါ။ ဒီစာအုပ်နဲ့ အရင်ရေးခဲ့တဲ့ မျှဝေလိုသောအတွေးများ စာအုပ်တွေနဲ့ မတူညီတာ တစ်ချက်ရှိပါတယ်။ အဲဒါက ဒီစာအုပ်မှာပါတဲ့ အကြောင်းအရာအားလုံးနီးပါးဟာ ဖြစ်ရပ်မှန် အကြောင်းတွေ ဖြစ်ကြပါတယ်။
ကျွန်တော်တို့ဟာ နေ့စဉ် စားဝတ်နေရေးအတွက် မရပ်မနား ရုန်းကန် လှုပ်ရှားနေကြရတယ်။ လူကြီးတွေက နေ့မအားညမအား အလုပ်တွေ လုပ်နေ ကြရတယ်။ လူငယ်တွေက ပညာသင်ယူဖို့ ကြိုးပမ်းလုပ်ဆောင်နေကြ ရတယ်။ အခုအချိန်မှာ ပညာသင်ရတာ ကျောင်းမတက်ရဘဲ အွန်လိုင်းက ပညာသင်နေရလို့ ပိုပြီးပင်ပန်းကြတယ်။
ဒီတော့ လူတိုင်းရဲ့ရင်ထဲမှာ စိတ်ပူပန်စရာ၊ စိုးရိမ်သောက၊ စိတ်အလိုမကျမှုတွေနဲ့ ပြည့်နှက်နေကြလို့ အလွန်စိတ်ပင်ပန်းကြတယ်။ ဒီလိုအခြေ အနေမှာ စိတ်အေးချမ်းမှု၊ ပျော်ရွှင်မှု အပြည့်အဝမရတောင် အနည်းငယ် လေးရရင်လည်း စိတ်သက်သာရာ ရကြမှာပါ။ အဲဒီအတွက် ကျွန်တော့်ရဲ့ ဒီစာအုပ်က ဖြည့်ဆည်းပေးနိုင်မယ်လို့ ထင်ပါတယ်။
ဒီစာအုပ်ကို ဖတ်ပြီးသွားလို့ စိတ်သောက အနည်းငယ် လျော့ကျ သွားမယ်၊ စိတ်ချမ်းသာမှု နည်းနည်းလေး ရမယ်ဆိုရင်လည်း ကျွန်တော် ဒီစာအုပ်ကို ရေးရကျိုးနပ်ပါတယ်။
ဗန်းမော်သိန်းဖေ
၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်
စာမျက်နှာ
235
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
12 × 21 cm