
သာသနာ့အသက်
စာရေးသူ - အရှင်ဇနကာဘိဝံသနှင့်တပည့်စာချဆရာတော်အရှင်ကုဏ္ဍလာဘိဝံသ
အကျဉ်းချုပ်
ရဟန်းတော် သာမဏေများ၏ အတွင်း အဇ္ဈတ္တသာသနာ သန့်ရှင်းအောင် ပြုလုပ်ဆောင်ရွက်ဖော် ရကြပေသော ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့သည် ရဟန်းတော် သာမဏေများ၏ အတွင်းအဇ္ဈတ္တ သီလ သမာဓိ ပညာ သာသနာ သန့်ရှင်းမှု အကျိုးကိုသာမက တိုင်းသားပြည်သူ ရှင် လူ ရဟန်း အားလုံး၏အကျိုး ဘာသာ သာသနာ လူမျိုး တိုင်းပြည်အကျိုးကိုလည်း သယ်ပိုးရာ ရောက်ပေတော့ရာ၏။သို့ဖြစ်၍ သာသနာ ပြုလိုသော ဒကာ ဒကာမအပေါင်း သူတော်ကောင်းတို့ ကြိုတင်၍ တတ်သိ နားလည်ထားထိုက်သော စာတမ်းစာအုပ်တစ်ခု မိမိ စွမ်းဆောင်နိုင်သမျှ ရေးသား တင်ပြရလျှင် ကောင်းပေရာ၏။ဤကဲ့သို့သော စိတ်ကူးနှင့် အတွေးအခေါ် အမြော်အမြင်အရ ဤစာအုပ်ကို ရေးသား တင်ပြရခြင်း ဖြစ်ပါသည်၊ စာအုပ် နာမည်ကိုလည်း သာသနာကို စင်ကြယ် သန့်ရှင်းသည်ထက် သန့်ရှင်းအောင် ပြုစုလိုသော ဒကာ ဒကာမများ ကြိုတင်သိထား သင့် သိထားထိုက်သော သိစရာကောင်းသော ဝိနည်းဥပဒေ အချို့ကို ပြရာဖြစ်သောကြောင့် “လူသိစရာဝိနည်း” (သာသနာ့ အသက်)ဟု နည်တပ်လိုက်ရပါသည်။
စာမျက်နှာ
92
ပုံစံ
Paperback
ထုတ်ဝေသူ
မဟာဂန္ဓာရုံကျောင်းတိုက်
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
18.3 × 12.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (6)
အမျိုးအစား
အမျိုးအစားခွဲများ
ဘာသာရေး
မာတိကာ
- လူသိစရာ ဝိနည်း
- ရွှေငွေကို မကိုင် မခံယူကောင်းပုံကို ပညတ်အပ် သော ဝတ္ထုနှင့် သိက္ခာပုဒ်ဥပဒေ
- ဆွမ်းဆန်စိမ်း လောင်းလှူပွဲများ၌ သတိပြုရန်
- နံနက်စောစော ဆွမ်းကျွေး ဆွမ်းကပ် သတိပြုရန်
- ဆွမ်းစာပင့်ရာ၌ အသုံးအနှုန်း သတိပြုရန်
- ဆွမ်းစသည် ကပ်ရာ၌ သတိပြုရန်
- အကပ်မြောက်အင်္ဂါ(၅)ပါး
- အချိုပွဲ ဘုဉ်းပေးခါနီးလဲ ရေကပ်ပါ
- ရဟန်းတော်နှင့် သာမဏေများ ဆွမ်းဖိတ်လာလျှင်
- ဆွမ်းကပ်ရာ၌ တို့ဆရာများ ကပ္ပိပေးပါ
- ဘုန်းကြီးကျောင်းဝယ် လူဝတ်ကြောင်များ တည်းခိုရာ၌ သတိပြုရန်
- ရဟန်းတော် သာမဏေများကို လူ့ကိစ္စ မခိုင်းမိအောင် သတိပြုပါ
- ရဟန်းတော်သာမဏေများထံ သာမဏေများထံ မတောင်းကောင်း သည်ကို မတောင်းမိရန်
- ကျောင်းသို့ လာလျှင် အဖော်နဲ့လာရန်
- ဖျော်ရည်ကပ်လျှင် အဖတ်မပါအောင် စစ်၍ ကပ်ပါ
- နိဂုံး
- သူတော်ကောင်းတို့ အလှူ
- အဓမ္မိကဒါန=တရားနှင့်မညီသောအလှူ
- အပုညဒါန (၅)ပါး
- အပါယ်သွားဒါန (၁၀)ပါး
- အသားကြီး(၁၀)ပါး မစားရ
- မစားအပ်သောအသား(၁ဝ)မျိုး
- အစွန်း(၃)ပါး မလွတ်သော အသား
- အချိန်ပိုင်းသုံး စားသောက်ဖွယ် ပစ္စည်းများ
- အသီးကြီး(၉)မျိုး
- မထိမကိုင်အပ်သော ပစ္စည်းများ
- ရတနာ(၁၀)ပါး