
ဦးဖေသိန်း၏ ရွှေဥဒေါင်း
စာရေးသူ - ရွှေဥဒေါင်း
အကျဉ်းချုပ်
အော်တိုအိုင်အိုဂရက်ဒီ ခေါ် မိမိ၏အတ္ထုပ္ပတ္တိကို ရေးသားထုတ်ဝေခြင်းဖြင့် ဖတ်ရှုသူတိုအဖို အကျိုးကျေးဇူးရှိစေမည်ဟု ယုံကြည်သောပုဂ္ဂိုလ်များ သိုတည်းမဟုတ် မိမိအကြောင်းကို တိုင်းပြည်က သိလိုကြလိမ့်မည်ဟု ကိုယ့်ဘာသာကိုယ် ယူဆသော ပုဂ္ဂိုလ်များ ရေးသားစီရင်ကြသော ကမ္ဘာ့အစဉ်အလာရှိပေသည်။
သိုဖြစ်၍ ဤစာအုပ်မျိုးမှာ အခြားသောစာအုပ်များနှင့် မတူ ရေးသားထုတ်ဝေသည် ဆိုကတည်းက မိမိကိုယ်ကို အထင်ကြီးသော ပုဂ္ဂိုလ်တစ်ဦးပေတကားဟု လူအများ စွပ်စွဲခြင်းခံရတတ်သော စာအုပ်မျိုး ဖြစ်ချေ၏။
ကျွန်ုပ်ရေးသားသော ရတနာပုံဝတ္ထုကို ကျောင်းသုံးစာအုပ်အဖြစ်နှင့် ပြဋ္ဌာန်းရာတွင် စာရေးဆရာ၏အကြောင်းကိုလည်း ကျောင်းသားများ ဆည်းပူးလေ့လာကြရမည်ဟူသော မှတ်ချက်တစ်ခုပါရှိသည်ကို တွေ့ရ၏။
ကွယ်လွန်ပြီးသော စာရေးဆရာတစ်ယောက်ဆိုပါလျှင် ၎င်း၏အကြောင်းကို ကျောင်းသားများ လေ့လာဆည်းပူးရန် ခဲယဉ်းခြင်း ရှိပေလိမ့်မည်။ ကျွန်ုပ်မှာ ကံအားလျော်စွာ အသက်ရှင်လျက်ရှိသော စာရေးဆရာတစ်ဦး ဖြစ်ပေရကား ရတနာပုံဝတ္ထုရေးဆရာအကြောင်းကို ကျောင်းသူ ကျောင်းသားများ လေ့လာဆည်းပူးရာတွင် ထိုကဲ့သို အခက်အခဲမရှိခြင်းငှာ ဤစာအုပ်ငယ်ကို စီရင်ရေးသားရခြင်း ဖြစ်ပါသည်။
ကိုယ့်အကြောင်းကို ကိုယ်ရေးသည်ဆို၍ လူအများအထင်ကြီးစေလိုသော ရည်ရွယ်ချက်ဖြင့် ဟိတ်ဟန်ထုတ်ခြင်း မရှိ၊ မိမိ၌ရှိသော ချွတ်ယွင်းချက်များနှင့် အပြစ်အနာအဆာများကို ရိုးဖြောင့်စွာ ဝန်ခံဖော်ပြထားသည်ဖြစ်ရာ စာဖတ်သော ကျောင်းသူ ကျောင်းသားများသည် ဤစာအုပ်အတွက်ကြောင့် ကျွန်ုပ်အပေါ်၌ တိုး၍ အထင်မကြီးစေကာမူ၊ ဟုတ်တိုင်းမှန်ရာ ဖော်ပြခြင်းဖြင့် ရိုးဖြောင့်သောနမူနာ တည်ရစ်ပါစေသတည်း။
စာမျက်နှာ
135
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
19 × 13 cm
ISBN
978-9-997-13112-6