
ကျပင်းတရားစာ
စာရေးသူ - အရှင်စိန္တာပတိ (ကျပင်း)
အကျဉ်းချုပ်
ကျပင်းတရားစာများကို ပြန်လည်သုတ်သင်ပြင်ဆင်တည်းဖြတ် ဖြစ်အောင် မျိုးစေ့ချပေးသကဲ့သို မိမိစုဆောင်းထားသော ကျပင်းတရား စာအုပ်၊ အခြား ကျပင်းနှင့် သက်ဆိုင်သော စာအုပ်များနှင့် ကျပင်း ဘုန်းတော်ကြီး ဦးဓမ္မရက္ခိတ၏ အတ္ထုပ္ပတ္တိနှင့် စာပေများကို လက်နှိပ်စက်ရိုက် ထားသော မှတ်တမ်းစာအုပ်တိုကို ပေးစွန့်တော်မူခဲ့ပါသော ချောက်မြို၊ မဟာဝိဇိတာရုံ ဆင်ဖြူကျွန်းကျောင်းတိုက်ကြီး၏ အာဒိကမ္မိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ကျေးဇူးတော်ရှင် ဘဒ္ဒန္တဉာဏိန္ဒ ဆရာတော် ဘုရားကြီးကို လည်းကောင်း၊
အခြားသော ကျပင်းတရားစာ စာအုပ်မူကွဲများ၊ လက်ရေးမှတ်စု များကို ပေး၍ တိုက်ဆိုင်စိစစ်နိုင်အောင် ကူညီခဲ့ကြသော နွယ်တမယ်ရွာ- ဆရာကြီး ဦးကျော်ခင် (ကိုကြီးကျော်)၊ ကျပင်းရွာ- ဦးဘိုရွှေ၊ ကိုအောင်လွင်ဦး (ဆင်ဖြူကျွန်း) တိုနှင့် မြန်မာစာ သတ်ပုံဆိုင်ရာ၌ တည်းဖြတ်ပေးပါသော နွယ်တမယ်ရွာ- ဦးမောင်မောင်ခင် (ဆရာကြီး နွယ်တမယ်) တိုကို လည်းကောင်း၊
ကွန်ပျူတာပညာရပ်ပိုင်း ဆိုင်ရာ၌ အကြံဉာဏ်လည်း ပေး၍ အချိန် မရွေး အပင်ပမ်းခံကာ ကူညီပြုလုပ်ပြင်ဆင်ပေးပါသော မာဝိဇိတာရုံ ဆင်ဖြူကျွန်းကျောင်းတိုက် စာချ။ နာယကဖြစ်သော အရှင်ကဝိန္ဒ၊ (သာသနဓဇ ဓမ္မာစရိယ၊ BA-Buddhism) အရှင်ကိုလည်းကောင်း အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
စာမျက်နှာ
152
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2026
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
920-2-375-25390-1
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အမျိုးအစားခွဲများ
ဘာသာရေး