
ဖာတစ်လုံးခေါင်းကျား
စာရေးသူ - စစ်ကိုင်းဦးဘိုးသင်း
အကျဉ်းချုပ်
ဗိုလ်ထု၊ လူ့အင်္ဂါနှင့် ပြည့်စုံသောသူသည် ကောင်းစားလေ မာန ရောင်မှိန်လေ ဖြစ်ချေသည်။ လူသည် သူတစ်ပါး၏ အပြစ်ကိုထက် မိမိ၏ပြစ်မှုကိုပို၍ ရှုရမည်။ သူတစ်ပါးကို ပြစ်မှုအတွက် ပြစ်ဒဏ် မပေးမီ၊ မိမိကိုယ်မိမိ အရင်တင်ကူး ပြစ်ဒဏ်ပေးရမည်။ နံနက် လင်းအရုဏ်နှင့်တွဲ၍ ငါ့ကျေးဇူးရှင်သည် ဘယ်မှာလဲ၊ ကျေးဇူးရှင်အား ဘယ်လို ကျေးဇူးပြုရပါမည်နည်း၊ သူတစ်ပါး၏ အကျိုးကို မည်ကဲ့သို့ ဆောင်ရွက်ရမည်နည်းဟု မျက်နှာသစ်ရေကျရမည်။ ညအိပ်ရာ ဝင်သော အခါ ငါကျေးဇူးဆပ်၍ ကုန်ခဲ့ပြီလော။ သူတစ်ပါး ကောင်းစားရန် ဆောင်ရွက်ဖို့ ငါ့အချိုးအစားနှင့်အညီ မည်သည်များ ကျန်ပါသနည်းဟု အာရုံပြုလျက် ခေါင်းချလော့။ တစ်နေ့လုံးလည်း သူတစ်ပါး၏အပြစ် ထောင်သောင်းကို သတိမမူဘဲ တစ်ခုတလေ အကျိုးကိုရှာလျက် သူ တစ်ပါး၏ ကျေးဇူးကို ဆောင်ရွက်၍ ငါသည် အခါခပ်သိမ်း တိုင်းပြည် ဝန်ထမ်း၊ သူ၏ ဝန်ထမ်းပါတကားဟု အလုပ်လုပ်ခြင်းသည်သာလျှင် တိုင်းသူပြည်သားကောင်းထဲတွင် ပါဝင်လျက် ထိုတိုင်းပြည် ထိုလူမျိုး သည်သာလျှင် ကမ္ဘာ့ထိပ်တန်းတွင် တည်နေပါလတ္တံ့။
စစ်ကိုင်းဦးဘိုးသင်း
ဖာတစ်လုံးခေါင်းကျား
စာမျက်နှာ
199
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2021
ထုတ်ဝေမူ
Reprint
စာအုပ်အရွယ်အစား
19 × 13.3 cm
ISBN
978-9-997-11255-2
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အမျိုးအစားခွဲများ
ရာဇဝင်