
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ (ဒုတိယတွဲ)
စာရေးသူ - ရွှေဥဒေါင်း
အကျဉ်းချုပ်
ကျွန်ုပ်၏ မှတ်တမ်းမှာ
အပြစ်အနာအဆာနှင့် ချွတ်ယွင်းချက်များကို ဝန်ခံဖော်ပြသည့် (Confessions)
ဖြောင့်ချက်များ သက်သက်လည်း မဟုတ်၊ မိမိကိုယ်ကို အထင်ကြီးစေလို၍
အကောင်းတွေချည်း ရွေးပြီး ချဲ့ထွင် တင်ပြခြင်း မျိုးလည်း မဟုတ်၊ ကျွန်ုပ် တစ်သက်တာ၌ စိတ်ကို ထိခိုက်ခြင်းကြောင့် အမှတ်ထင်လျက်ရှိသည့် အဖြစ်အပျက် အကြောင်းအရာများကို ကျွန်ုပ်သတိရသလောက် ရေးသားဖော်ပြခြင်း ဖြစ်ပါသည်။ ကျွန်ုပ်၏စိတ်၌ ထိခိုက်ခြင်းဟူသည်မှာ မကျေနပ်သောကြောင့် ထိခိုက်ခြင်းများလည်းရှိ၍၊ ကျေနပ်သောကြောင့် ထိခိုက်ခြင်းများလည်း ရှိကြပေသည်။ ရံဖန်ရံခါ မိမိကိုယ်ကို ကောင်းသော အကွက်၌ထား၍ ကောင်းသော အရည်အချင်းကလေးများကို ဖော်ပြမိသည့်အခါ (နည်းတော့နည်းပါသည်။) ကိုယ်ရည်သွေးချင် တတ်သည်ဟု ထင်မှတ်မိကြပါက ကျွန်ုပ်၏ မကောင်းခြင်း၊ ညံ့ဖျင်းခြင်း၊ စိတ်ဓာတ်ပျော့ခြင်း၊ အကြောင်းများကိုလည်း မကွယ်မဝှက်၊ မဖုံးမဖိ ဖော်ပြခြင်းများကိုလည်း သတိပြုမိကြခြင်းအားဖြင့် ခွင့်လွှတ်နိုင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။
ရွှေဥဒေါင်း
စာမျက်နှာ
746
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
19 × 13 cm
ISBN
978-9-997-13779-1
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
အမျိုးအစားခွဲများ
ဒဿန