
မျှဝေလိုသောအတွေးများ (၄)
စာရေးသူ - ဗန်းမော်သိန်းဖေ
အကျဉ်းချုပ်
အမှာစာ
ကျွန်တော့်ရဲ့ “မျှဝေလိုသော အတွေးများ” စာအုပ် (၁) (၂) (၃) ထုတ်ဝေခဲ့ပြီး ဖြစ်ပါတယ်။ စာဖတ်ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အခု “မျှဝေလိုသော အတွေးများ (၄)” စာအုပ်ကို ဆက်လက် ထုတ်ဝေလိုက် ပါတယ်။
ဒီစာအုပ်ဟာလည်း အရင်စာအုပ်တွေလိုပါပဲ။ လွန်ခဲ့တဲ့ တစ်နှစ် တာကာလအတွင်းမှာ ကျွန်တော့်ရဲ့ “Bamaw Thein Pe' ဖေ့စ်ဘွတ် အကောင့်နဲ့ “ဗန်းမော်သိန်းဖေရဲ့ မျှဝေလိုသောအတွေးများ” Page တွေပေါ် မှာ တင်ခဲ့တဲ့ ကောင်းနိုးရာရာ Post လေးတွေအပြင် Facebook မှာ Post အဖြစ် မတင်ထားခဲ့တာတွေလည်း ပါဝင်ကြပါတယ်။
ဒီစာအုပ်မှာပါတဲ့ အကြောင်းအရာတွေဟာ ကျွန်တော့်ရဲ့ကိုယ်ပိုင် အတွေးတွေထက် Google; YouTube စတဲ့ အင်တာနက်ပေါ်မှာ ရှာတွေ့ တာ၊ အင်္ဂလိပ်စာအုပ်တွေထဲက ဖတ်မိတာလေးတွေကို ရေးပြထားတာပါ။
တချို့စာဖတ်သူတွေက ပြောကြပါတယ်။ (စေတနာနဲ့ ပြောကြ တာပါ)။ “မျှဝေလိုသော အတွေးများ စာအုပ်မှာပါတဲ့ အကြောင်းအရာ တွေဟာ အင်တာနက်နဲ့ စာအုပ်က အကြောင်းတွေမဟုတ်ဘဲ ကိုယ်ပိုင် အတွေးတွေပဲ ဖြစ်သင့်တယ်”တဲ့။ ကျွန်တော်ကတော့ ကိုယ်ပိုင်အတွေးနဲ့ရေးတဲ့ စာဖြစ်ဖြစ် အင်တာနက်နဲ့ စာအုပ်တွေကရတဲ့ စာဖြစ်ဖြစ် စာဖတ်သူ ကို အကျိုးရှိစေမယ်၊ လူငယ်တွေ ဒီစာလေးတွေ ဖတ်ပြီး သူတို့ဘဝကို အကောင်းဖက်ပြောင်းလဲဖို့ အထောက်အကူ ဖြစ်စေမယ်ဆိုရင် မျှဝေပေး သင့်တယ်လို့ ယုံကြည်ထားပါတယ်။ ဒီယုံကြည်ချက်နဲ့ ဒီစာလေးတွေကို စုပေါင်းပြီး စာအုပ်ထုတ်လိုက်တာပါ။
ဒီစာအုပ်ကို ထုတ်ဝေပေးတဲ့ ပဉ္စဂံစာအုပ်တိုက်ကိုလည်း အများ ကြီး ကျေးဇူးတင်ပါတယ်။
ဗန်းမော်သိန်းဖေ
၂၀၁၉ ခုနှစ်၊ မတ်လ (၃၀) ရက်
စာမျက်နှာ
295
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား