
အိပ်မက်လှလှ အောင်မြင်သောဘဝ
စာရေးသူ - ဗန်းမော်သိန်းဖေ
8,000 ကျပ်
အကျဉ်းချုပ်
"ဂျက်ကင်ဖီးလ်ရဲ့ အောင်မြင်ရေးနိယာမတွေဟာ ရှင်းလင်းတယ်။ ဒါပေမယ့် နိယာမတွေက ရလာမယ့် အကျိုးရလဒ်တွေကတော့ အံ့မခန်းစရာပါပဲ" "ဒီနှစ်တစ်နှစ်လုံး အောင်မြင်ရေးနည်းစာအုပ်တစ်အုပ်ပဲဖတ်မယ်ဆိုရင် ဒီစာအုပ်ကိုဖတ်ပါ" "ဂျက်ပေးတဲ့ Message ဟာ ရှင်းတယ်။ စွမ်းအားကြီးတယ်။ လက်တွေ့ကျတယ်။ နိယာမတွေကို အသုံးချရင် နိယာမတွေက သင့်ကိုရလဒ်တွေပေးပါလိမ့်မယ်။ အိပ်မက်ထဲက အောင်မြင်တဲ့ဘဝကို တကယ်ဖြစ်လာအောင် ဖန်တီးချင်သူတွေ ဖတ်ရမယ့်စာအုပ်ပါ" "စာမျက်နှာတိုင်းဟာ သင်လိုချင်တာ သင်ဖြစ်ချင်တာတွေကို ရစေဖို့ အကောင်းဆုံးနည်းတွေကို ရေးပြထားပါတယ်။"
စာမျက်နှာ
269
ပုံစံ
-
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
-
ISBN
920-2-375-52356-4
ပစ္စည်းလက်ကျန်
ရရှိနိုင် (100)
အမျိုးအစား
အမျိုးအစားခွဲများ
ဗန်းမော်သိန်းဖေ
မာတိကာ
- ရလဒ်မကောင်းရင် တုံ့ပြန်မှုပြောင်းပါ
- ဘဝရည်မှန်းချက်ကို သိအောင်လုပ်ပါ
- မိမိဖြစ်ချင်တာကို ရုပ်ပုံလွှာ (Vision) အဖြစ် ရှုမြင်ပါ
- ဖြစ်နိုင်တယ်လို့ ယုံကြည်ရင် တကယ်ဖြစ်လာတယ်
- ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ
- အဆိုးထဲက အကောင်းမြင်တတ်ပါ
- ရည်မှန်းချက်ပန်းတိုင် (Goal) ရဲ့ စွမ်းပကား
- ရည်မှန်းချက်ပန်းတိုင် (Goal) ကို အဆင့်တွေ ခွဲပါ
- အောင်မြင်မှု သဲလွန်စကို ရှာပါ
- Comfort Zone ကို ပြောင်းလဲပေးသော Affirmation ရဲ့ စွမ်းပကား
- ရုပ်ပုံလွှာပေါ်အောင် ရှုမြင်ခြင်းဆိုတဲ့ Visualization ရဲ့ စွမ်းပကား
- ဖြစ်ချင်တာကို တကယ်ဖြစ်နေသလို ပြုမူပါ
- စလုပ်လိုက်ခြင်းဟာ အောင်မြင်မှုတံခါးကို ပွင့်သွားစေတယ်
- ကြောက်ရွံ့ခြင်းကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပါ
- မေးပါ၊ မေးပါ ၊မေးစမ်းပါ
- ငြင်းပယ်ခံရလို့ လက်မလျော့လိုက်ပါနဲ့
- တုံ့ပြန်မှု (feedback) ကို အကျိုးရှိအောင်သုံးပါ
- အဆုံးမရှိသော စဉ်ဆက်မပြတ်တိုးတက်ခြင်း
- အရှုံးမပေးစိတ်ဓာတ် သို့မဟုတ် ဇွဲရှိခြင်း
- နေ့စဉ် ၅ ခုလုပ်ပါ (Rule of Five)
- အောင်မြင်သူတွေနဲ့ ဝန်းရံထားပါ
- ရှုပ်ပွနေတာတွေနဲ့ မပြီးပြတ်တာတွေကို ရှင်းလင်းပါ
- တစ်နှစ်ကို အကျင့်သစ် ၄ ခု လုပ်ပါ
- မိမိရဲ့ပင်ကိုယ်စွမ်းရည် (core genius) အပေါ် အာရုံထားပါ
- စလုပ်ဖို့ အကောင်းဆုံးအချိန်ဟာ အခုပါပဲ