
လျှောက်ထုံးပုံပြင်များ (၁)
စာရေးသူ - ဝန်ဇင်းမင်းရာဇာ
အကျဉ်းချုပ်
ဝန်ဇင်းမင်းရာဇာဟာ မိတ္ထီလာမြိုနယ်၊ ဝန်ဇင်းရွာက လယ်သမား လေးဖြစ်တယ်။ အမတ်ကြီးဖြစ်ပြီးမှ သူ တည်ခဲ့တဲ့ ဘိုးရာဇာဘုရားစေတီ တစ်ဆူဟာ အခုထက်တိုင်ပဲ မိတ္ထီလာနယ်မှာ တည်ရှိလေတယ်။
ဝန်ဇင်းမင်းရာဇာဟာ အင်းဝဘုရင် မင်းကြီးစွာစော်ကဲ၊ သားတော် ဆင်ဖြူရှင်တရဖျားမင်း၊ ညီတော် ပထမ မင်းခေါင်ဘုရင်လက်ထက် စတဲ့ မင်း (၃) ဆက်တိုင်တိုင် နှစ်ပေါင်း ၅၃ နှစ် အမှုတော်ထမ်းခဲ့တဲ့ မင်းတိုင်ပင် အမတ်ကြီး ဖြစ်တယ်။
ဝန်ဇင်းမင်းရာဇာက ဘုရင်တွေကို တင်လျှောက်ချက်တွေဟာ တိုင်းရေးပြည်ရာတွေ ဖြစ်ပေမယ့် အများလူတိုအတွက်လည်း မှတ်သားဖွယ်တွေဖြစ်တာကြောင့် အဲဒီလျှောက်ထုံးထဲက ပုံပြင်သာဓကတွေကို ထုတ်နုတ်တင်ပြလိုက်ပါတယ်ကွယ်။
ဝန်ဇင်းမင်းရာဇာရဲ့ လျှောက်ထုံးတွေကို ကုန်းဘောင်ခေတ်၊ စဉ့်ကူးမင်းလက်ထက်မှာ ဘွဲတံဆိပ်တော်ရ အရှင်စန္ဒလင်္ကာရဆိုတဲ့ ရဟန်းတော် “မဏိရတနာပုံကျမ်း” ဆိုပြီး ရေးသားခဲ့၊ မှတ်တမ်းတင်ခဲ့တယ်။ အဲဒီကျမ်းကို အရင်းခံထားပြီး ကလေးတိုဖတ်ဖို “ဝန်ဇင်းမင်းရာဇာရဲ့ လျှောက်ထုံးပုံပြင်များ” ကို တင်ဆက်လိုက်ပါတယ်ကွယ်။
ကလေးတို ဖတ်ရလွယ်အောင် ဝန်ဇင်းမင်းရာဇာ အမှုထမ်းခဲ့တဲ့ ဘုရင်မင်း (၃) ဆက် တစ်ဦးချင်းအကြောင်းကို အကျဉ်းချုပ် တင်ပြထား ပါတယ်။ အဲဒီမင်းတွေအကြောင်း ဦးစွာဖတ်ပြီးမှ အကြောင်းဆိုင်ရာ တင် လျှောက်တဲ့ ဝန်ဇင်းမင်းရာဇာရဲ့ လျှောက်ထုံးပုံပြင်တွေကို ဖတ်ကြည့်စေ ချင်ပါတယ်ကွယ်။
ကလေးတို … စာဖတ်ရှု ပျော်မွေ့နိုင်ကြပါစေ ...
ဦးဦးကြည်နိုင်
စာမျက်နှာ
75
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2026
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 12.7 cm
ISBN
-
ပစ္စည်းလက်ကျန်