
မြန်မာ့ရိုးရာဥပဒေပုံပြင်များ (၂)
စာရေးသူ - ဒေါက်တာထင်အောင်
အကျဉ်းချုပ်
ခေတ်တိုသည် တစ်ခေတ်ပြီးတစ်ခေတ်၊ ရာဇဝင်တိုသည် တစ်ခန်းပြီးတစ်ခန်း ပြောင်းလဲခဲ့ကြကုန်သော်လည်း မှန်ကန်သည့် အဆုံးအမနှင့် အသိဉာဏ်တိုသည်ကား မဖောက်မပြန် တည်တံ့ခိုင်မြဲ သည်သာ ဖြစ်သည်။
ရှေးမြန်မာဘုရင်များ လက်ထက်တော်တွင် ရာဇဝတ်ပြစ်မှု အလျောက် ပြစ်ဒဏ်ခံရသူများသည် မိမိတိုကို ပြစ်ဒဏ်ချမှတ်သည့် တရားသူကြီးတိုအပေါ်တွင်လည်းကောင်း၊ မိမိတိုကိုဖမ်းဆီးသည့် မင်းမှု ထမ်းများအပေါ်တွင်လည်းကောင်း စိတ်ကွက်ခြင်း၊ နာကြည်းခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် တရားရုံးတော်ကျင့်ထုံးများမှာ အတိ အကျ သတ်မှတ်မှုရှိသည်။ စီရင်ချက်၊ ဆုံးဖြတ်ချက်မှာလည်း အဂတိ လိုက်စားမှုများမှ ကင်းရှင်း၍ မေတ္တာကရုဏာနှင့်ယှဉ်သော ချမှတ်သည့် စီရင်ဆုံးဖြတ်ချက်များ ဖြစ်ကြလေသည်။
ဤပုံပြင်ပါ အချက်အလက်များအရ မြန်မာတို၏ တရားစီရင် ရေးမှာ ဓမ္မသတ်၊ ရာဇသတ်၊ ဖြတ်ထုံးများကို အသုံးပြုပြီး အညီအညွတ်ဖျန်ဖြေမှု၊ ပြေငြိမ်းမှု စသည်တိုကို အဓိက ရည်ရွယ်ချက်အဖြစ် အလေးထား လိုက်နာဆောင်ရွက် ကြကြောင်း ထင်ရှားစွာ တွေ့ရပေသည်။
မြန်မာနိုင်ငံတွင် နောင်လာနောက်သားတို မျိုးရိုးစဉ်ဆက် လေ့လာသင်ကြားရန် မကုန်နိုင်သည့် မှန်ကန်တည့်မတ်သော တရားဓမ္မသတ်များ ပြည့်စုံကြွယ်ဝရုံမျှမက သင်ကြားလေ့လာရန်မှာလ ာလည်း လက်လှမ်းမီ ရယူနိုင်ပါသေးသည်။ ထိုဓမ္မသတ်ကျမ်းများကြောင့် ပစ္စုပ္ပန်ဘဝ၏ ကောင်းကျိုးချမ်းသာ များ၊ ထူးမြတ်သောအနာဂတ်၏ ဘဝများ ပိုင်ဆိုင်ရယူနိုင်ကြပါစေကြောင်း၊ နှောင်းခေတ်လူငယ်တို သုတေသနပြုရာတွင်လည်း အထောက်အပံ့ တစ်စိတ်တစ်ဒေသ ရနိုင်ပါစေရန် ဆုမွန်ကောင်း တောင်းအပ် ပါသည်။
အနာဂတ်တိုင်းပြည်တွင် စိတ်ထားမွန်မြတ်သော အပြုအမူများ၊ ဓလေ့ထုံးစံများတိုဖြင့် တရား စီရင် ဆုံးဖြတ်သူများ၊ တရားဆိုင်သူများတွင်ပါ ကိန်းအောင်းတည်ရှိစေလိုခြင်း၊ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ အကျိုး ဆက်စပ်လျက် ကောင်းမြတ်သော အဆုံးအမတိုတွင် လိုက်နာကျင့်ကြံနေနိုင်ကြသူများနှင့် ပြည့်နှက်နေသော ပြည့်နှက် ပတ်ဝန်းကျင်ကောင်းဖြစ်စေလိုသော ဆန္ဒများဖြင့် ဤစာအုပ်ကို ထုတ်ဝေလိုက်ပါ သည်။